အပိုင်း ၁၇

807 153 18
                                    

Unicode

"ဆော့ဂျင် ဘယ်မှာလဲ"

သူသည် လက်တွင်းမှ ဘောပင်အား လှည့်ကစားရင်း မေးသည်။

"Sir သူဒီနေ့ ရုံးမတက်ဘူး"

နမ်ဂျွန်းကဖြေသည်။ဂျောင်ကုသည် လုပ်လက်စ အလုပ်အား ရပ်တန့်ပြီး နမ်ဂျွန်းကို မော့်ကြည့်သည်။

"မင်းသူ့ကို ဖုန်းဆက်လိုက်လား"

"ဟုတ်ကဲ့ Sir။သူနေမကောင်းလို့ပါတဲ့"

Jeon ကသူ့အား နူတ်ခမ်းပါးတို့ တင်းတင်းစေ့လျက်ကြည့်သည်။ဒါပါပဲ။သူဆက်ပြီး နာခံနေရန်မလိုပြီ။ထို့ကြောင့် ဦးညွတ်၍ နူတ်ဆက်သည်။ဂျောင်ကုက နူတ်ခမ်းတစ်ဖက်ကို ဖိကိုက်ပြီး လက်တွင်းမှ ဖိုင်အား စားပွဲပေါ် ပစ်တင်သည်။

နာရီများစွာ ကုန်ဆုံးနေသည်။ထိုခဏတွင် တံခါးခေါက်သံတစ်ခု။သူ့ထံမှ ခွင့်ပြုချက် ယူရုံမျှသာ။အနားကို လူကမရောက်လာသေး။သို့သော် ကြားရသည့် ဒေါက်ဖိနပ်သံ တစ်ဂွက်ဂွက်က သူ့အားမည်သူပါဟု မှန်းဆနေရန် မလို။

Sunmi။သူမသည် အပေါ်ယံ အပြုံးလှလှတစ်ခုဖြင့် နူတ်ဆက်နေသော်ငြား Jeon ကတော့ သူမအား မော်ပင်မကြည့်ချေ။သူမက ဂျောင်ကုရှေ့ဘက်တွင် ၀င်ထိုင်ရင်း..

"Baby စိတ်ဖိစီးမှု များနေပုံ--"

"မင်းဘာလိုလို့လဲ"

ဂျောင်ကုက စိတ်ရှည်ဟန်မတူ။စကားမဆုံးခင်ပင် ဖြတ်ပြောသည်။သူသည် လိုရင်းကိုသာ အလိုရှိသူတစ်ဦး။

"Baby ကိုမြင်ချင်လို့ လာတာ"

ပခုံးတို့ ပင့်မြှောက်ရင်း မချေမငံပြောလာ၏။

"ဒီလောက်မြင်ရရင် ကျေနပ်ပြီလား.?အခု ငါ့ကိုအလုပ်လုပ်ခွင့်ပေးတော့"

မျက်၀န်းနက်တို့က ကွန်ပျူတာ မျက်နှာပြင်ဆီ ပြန်ကြည့်သည်။

"ပြီးတော့ ကုန်သွယ်ရေးပိုင်းအတွက် စာရွက်စာတမ်းတွေ ယူဖို့ရောပဲ"

အေးစက်စက် တုန့်ပြန့်မှုအား မကျေမချမ်း ဖြစ်လျက်။သူမက တိုးတိုးညင်းညင်း ပြောလာသည်။Jeon ကသူမပြောသည့် ဖိုင်အား ပေးသည်။မတ်တပ်ရပ်ရင်းမှ ဖိုင်တွဲအား ဆွဲယူရင်း သူမနူတ်ခမ်းတို့က ပြုံး၏။သို့သော် အလိုမကျခြင်း များစွာနှင့်။ပြန်ရန်ပြင်နေသော်ငြား ရုတ်တရက် ရပ်တန့်သွားပြီး

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now