Unicode
"Ay yo Jin-ssi"
ရုံးခန်းရောက်သည်နှင့် လည်ပင်းအား ခြေဖျားထောက်ပြီး မမှီမှီအောင် လှမ်းဖက်ရင်း ပြောလာသည်။
"Hey"
ဆော့ဂျင်၏ အသံက တိုးတိမ်စွာ။သူ၏နေရာ၌ ထိုင်ပြီး ဂျီမင်းနှင့် ထွေရာလေးပါး ပြောနေကြစဉ် ဆော့ဂျင်ရှေ့၌ ၀န်ထမ်းနှစ်ဦးက လာရပ်သည်။ဆော့ဂျင်သည် နားမလည်ဟန် မော့ကြည့်သည်။
"ဟုတ်ကဲ့ ဘာများလဲ"
"Jungkook Sir ကမင်းကိုတွေ့ချင်နေတယ်။ငါတို့နဲ့ လိုက်ခဲ့"
သူတို့၏ အသံသည် တည်ငြိမ်၏။အပြစ်သားတစ်ဦးအား ထောင်ဒဏ်ချရန် အမိန့်ပေးနည်းမျိုး။ရှုပ်ထွေးမှုတစ်ထပ်နှင့် ဆော့ဂျင်က ခေါင်းငြိမ့်သည်။ရုံးတွင်းလူတို့သည်လည်း နားမလည်နိုင်သည့် စပ်စုအကြည့်နှင့် ကြည့်နေကြ၏။
သူ၏ခန္ဓာကိုယ်သည် အနည်းငယ်နာကျင်နေ၏။ထို့ကြောင့် ဖြည်းလေးစွာ ခုံမှထသည်။သို့သော် ထိုလူနှစ်ဦးကတော့ ကြိုက်ပုံမပေါ်။သူ့အား မျက်မှောင်တွန့်လျက်မှ
"မင်းမြန်မြန် မထနိုင်ဘူးလား"
ဆော့ဂျင် ဆောရီး ဟုတိုးတိုးပြောရင်း ဂျီမင်းတို့အား ရှုပ်ထွေးသည့်အကြည့်နှင့်ကြည့်သည်။
ဂျောင်ကု၏ရုံးခန်းသည် ပွင့်ဟလျက်။ဌာနအားလုံး၏ အကြီးအကဲတို့သည် အလယ်ရှိ ဂျောင်ကုအား ၀န်းရံထားပြီး ယင်းတို့၏ အကြည့်တို့က စူးရှနေ၏။ထို့အပြင် မျက်နှာတို့သည်လည်း အေးစက်မာကြောနေသယောင်။ထိုအထဲတွင် ထယ်ယောင်း၏ အကြည့်တစ်ခုတည်းကသာ နူးညံ့သည်။
သူကအနည်းငယ် ဦးညွတ်ပြီး နူတ်ဆက်သည်။ဦးပြန်အမော့တွင် အနက်ရောင်မျက်၀န်းတစ်စုံနှင့် ဆုံလျှင် အလျင်အမြန် ဦးပြန်ငုံလိုက်သည်။အခန်းရှိ လူကုန်၏ မျက်လုံးတို့က သူ့ထံ၌သာ။သူသည် တရားခံတစ်ဦးကဲ့သို့ သဘောထားသည့် အကြည့်။
"Mr Kim Seokjin ထိုင်ပါ"
ဂျောင်ကုဘေးမှ လူကြီးတစ်ဦးက သူ့အားပြောသည်။
ဆော့ဂျင်က ဖြည်းဖြည်းလေးလေးထိုင်သည်။ဆော့ဂျင်သည် မိမိရှေ့တည့်တည့်ရှိ ဂျောင်ကုနှင့် ကြားတွင် စားပွဲတစ်လုံးခြားနေခြင်းအား အလွန်ကျေးဇူးတင်သွား၏။အနှီဂျောင်ကု၏ အကြည့်တို့က သူ့တစ်ကိုယ်လုံးကိုမက တစ်ခန်းလုံးပါ အေးခဲစေနိုင်သည့် အထိ။ထိုအကြည့်က ဆော့ဂျင်၏ ဆံပင်တို့အား အောက်ဘက်မှ လေးအေးပွေ့တိုက်သလို ထောင်ထသွားစေသည်။
YOU ARE READING
Desire (ဘာသာပြန်) ✓ Completed
FanfictionA wish I want to be... Jeon Jungkook x Kim Seokjin