အပိုင်း ၂

1K 172 33
                                    

Unicode

သူတို့နှစ်ဦးသည် ကြီးမားသည့် မှန်ကာ အဆောက်အအုံရှေ့သို့ ရောက်လာခဲ့ပြီ။Jeon Co.၏ logo သည်အဆောက်အအုံ၏ ထိပ်ပိုင်း၌ ၀င့်၀င့်ကြွားကြွား ရပ်တည်လျက်ရှိ၏။‌ဆော့ဂျင်သည် သူ၏လက်ဖဝါးတို့အား ဖွင့်ချည် ဆုပ်ချည်ဖြင့် ဗျာများလျက်။လက်ဖျားတို့က အေးစက်လာပြီး နဖူးစပ်၌ ချွေးစတို့က နယ်ချဲ့လျက်ရှိ၏။တဒိန်းဒိန်းခုန်နေသည့် နှလုံးခုန်နူန်းကိုပင် ကြားနေရ၏။

"အထဲ၀င်ရအောင်"

သူသည် ဆော့ဂျင်၏ လက်မောင်းတစ်ဖက်ကို ဖျစ်ညစ်လာ၏။

"ကျွန်တော်ကြောက်တယ် Hobi"

"မကြောက်ရဘူး။မင်းမှာ အခွင့်အရေးတစ်ခု ရလာတာလေ ဒါကို ကောင်းကောင်း အသုံးချရမှာပေါ့"

သက်ပြင်းတစ်ချက်ရှိုက်ရင်း ကိုယ်အတွင်းမှ မရှိနေသည့် ယုံကြည်မှုတို့ကို စုစည်းလိုက်သည်။မြင့်မားလွန်းသည့် မှန်တံခါးကို ဖြတ်အပြီး reception တွင်ရပ်လိုက်၏။

"Hello ကျွန်တော်က ကင်ဆော့ဂျင်ပါ"

သူမကပြုံး၏။

"ဟုတ်ကဲ့။Hobeom ssi ကျွန်မကို ပြောထားပါတယ်။အလုပ်အတွက် ဂုဏ်ယူပါတယ်နော်"

ဆန့်ထုတ်ပေးလာသည့် သူမ၏လက်သွယ်သွယ်အား အသာဖမ်းဆုပ်ပြီး လှုပ်ရမ်းလိုက်၏။

"Mr.Kim Seokjin.?"

နောက်နားမှ ခေါ်သံကြောင့် ဆော့ဂျင်က လှည့်ကြည့်သည်။လူတစ်ဦးက သူ့ဆီသို့ အပြေးလာနေ၏။

"Hello Hobeom ssi "

"Hello Seokjin ထပ်ပြီးတွေ့ရတာ၀မ်းသာပါတယ်။အခု မင်းလုပ်ရမယ့် ‌ဌာနဆီခေါ်သွားပေးပါ့မယ်"

ငြင်သာစွာပြောလာသည့် သူ၏အပြောကို ဆော့ဂျင်ခေါင်းငြိမ့်ပြလိုက်သည်။ပထမဦးဆုံးအကြိမ် သူဒီကိုရောက်ချိန်က သူ၏ဌာနကို မသိခဲ့ပါ။ပိုဆိုးသည်က သူဤတိုက်တာတစ်ခုလုံးအနှံ့ကို ပတ်ပြီးရှာဖွေခဲ့သေးသည်။သူ၏ပုံသည် တစ်စုံတစ်ရာ ခိုးယူဖို့ လှည့်ပတ်ကြည့်နေသည်နှင့် တူသောကြောင့် လူတိုင်းက သူ့ကိုမသက်ာစွာ ကြည့်ခဲ့ကြသည်ကို သတိရသေးသည်။ထို့နောက်တွင်တော့ အဆောက်အအုံစောင့် တစ်ဦးကသူ့ကို ခေါ်ပြီးမေးမြန်းစစ်ဆေးခဲ့သည်။သို့ပေမယ့် Hobeom သည်အချိန်မှီရောက်လာခဲ့ပြီး အကျိုးအကြောင်း ‌ရှင်းပြခဲ့၍ သူလွတ်မြောက်ခဲ့ခြင်း။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now