အပိုင်း ၃၄

766 128 16
                                    

Unicode

Original A/N

စိတ်ပျော့ညံတဲ့သူတွေက သူတို့စိတ်တွင်းက ခံစားချက်တွေကို  ထုတ်ပြောဖို့ထက် အသက်စွန့်ဖို့ကိုပဲ ရွေးချယ်တက်ကြတယ်။ဒါကြောင့် မင်းက အရင်နှစ်သိမ့်ပေးပါ။သူတို့အတွက် ရှိနေပေးပါ။သူတို့ကို စကားတွေ ပြောပေးပါ။သူတို့ကို ကူညီပေးပါ။သူတို့လက်တွေကို ဆုတ်ကိုင်ပေးမယ့် လူ‌တွေ ရှိနေသေးတယ်ဆိုတာကို သူတို့ နားလည်လာအောင် လုပ်ပေးပါ။နောက်လာမယ့် စက္ကန့်တွင်းမှာ မင်းဘယ်သူကို ဆုံးရှုံးရမယ်ဆိုတာ သိနိုင်မှာ မဟုတ်ဘူး။

------

"မင်းဘာလိုချင်လို့လဲ"

နူတ်ခမ်းထက်မှ cigarette ကိုခွာပြီး မျက်နှာချင်းဆိုင်မှ Taeyeon ကိုကြည့်သည်။‌ထိုအေးစက်သည့် အမေးမတိုင်မှီ coffee or tea ဟုမေးပါသေးသည်။သို့ပေမယ့် သူမ ငြင်းခဲ့သည်။

သူမ ရောက်ပြီး မကြာမှီ အမျိုးသမီးငယ်တစ်ဦး ရောက်လာခဲ့သည်။ဤအိမ်သို့ အမြဲ၀င်ထွက်နေဟန် တူသည်။ရဲတင်းစွာဖြင့် Hwajae ထံတည့်တည့် သွားသည်။Hwajae ကသူမ လက်ကောက်၀တ်အား ကိုင်ပြီး နောက်နေ့မှ ဟုကတိပေးပြောဆိုနေ၏။အမျိုးသမီး၏ ငယ်ရွယ်နုပျိုမှု လျှပ်ပေါ်လောလီသည့် ၀တ်စားဆင်ယင်မှုကို မြင်ရုံဖြင့် Taeyeon နားလည်ပါသည်။

အရိုးသားဆုံး ၀န်ခံရလျှင် သူမ ဤအရာအတွက် မနာကျင်တော့ပါ။အတိတ်တွင်တော့ ဤအဖြစ်မျိုးမြင်ခဲ့လျှင် မျက်ရည်များက မြစ်တစင်းအလား စီးကျနေလိမ့်မည်။ယခုတော့ ထိုမြစ်ကြီးက မစီးဆင်းတော့ပါ။သူမ သန်မာဖို့ သင်ယူခဲ့ပြီးပြီ။

"Aah, ဒါနဲ့ နေပါဦး.ကိုယ်မင်းကို မေးစရာ တစ်ခုရှိသေးတယ်"

စကားစရန် နူတ်ခမ်း မဖွင့်မှီ သူက ဖြတ်မေးလာပြန်သည်။

"အိမ်ဟောင်းကနေ ထွက်ပြေးပြီး မင်းဘယ်မှာနေခဲ့လဲ ဟမ်.?ကိုယ်က စိုးရိမ်နေတာ..မင်းသိရဲ့လား"

သူက ပြက်ရယ်ပြုရင်း သက်ပြင်းတွင်တွင်ချ‌နေသည့် ဇနီးဖြစ်သူကို ကြည့်သည်။သူမကို အောက်ခြေထိ တွန်းပို့ ရတာ သူတကယ် သဘောကျသည်။

"စိုးရိမ်တယ်.?တကယ်လား.?ရှင်ဂရုစိုက်လို့လား.?"

မျက်လုံးတို့ကို မှိတ်ချပြီး သူမအသံ မမြှင့်သွားစေရန် ထိန်းသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now