အစပြုခြင်း

1.5K 172 15
                                    

Unicode

မြေပုံစိမ်းစိမ်းတို့အလွန်တွင် ခြောက်သွေ့နေသည့် သစ်တောကြီးတစ်ခုကို ဖြတ်ရသည်။ထိုမှလွန်လျှင် စုန်းမမြို့တော်ဟု Hobi အပြောအရသိရသည့် နေရာတစ်ခုသို့ ဖြတ်ရသည်။အဆုံးတွင် အစိမ်းရင့်ရောင်မြတ်ရိုင်းတောအုပ်အလယ်၌ ကျောက်သားဖြင့် တည်ဆောက်ထားသည့် အိမ်ငယ်တစ်လုံး၏ ရှေ့သို့ရောက်လာခဲ့သည်။ဤအိမ်သည် နောက်နား၌တွေ့ခဲ့ရသည့် ပတ်၀န်းကျင်နှင့်ခြားနားလှသည်။ညအမှောင်၌ ထွန်းလင်းနေသည့် လမင်းကဲ့သို့သော အရောင်အဝါများက အရောင့်ရင့်ရင့် မြတ်ရိုင်းအလယ်တွင် လျန်းလျန်းတောက်နေသယောင်။အိမ်ငယ်လေး၏ ပတ်လည်တွင် ရှားပါးသည့် မျိုးစိတ်အပင်ငယ်တို့ ဝိုင်းရံနေ၏။အနီရောင် ပန်းရောင် အပြာရောင် စသည့်စသည့် မျိုးစုံသော အရောင်တို့နှင့် အထွေထွေသော ရနံ့တို့ကပါ ရောနှောသင်းနေ၏။

Hobi သည်ရှားရောင် သစ်သားတံခါးမကြီးကို အားနှင့်နှစ်ချက်ဆင့်ခေါက်သည်။ထိုအခါ တံခါးမကြီးသည် ကျီ ဟူသည့်မြည်သံဖြင့် ပွင့်ဟလာ၏။အိမ်အတွင်း၌ အမျိုးသမီးကြီးတစ်ဦး ရပ်နေသည်ကိုတွေ့ရသည်။အနည်းငယ်ကိုင်းနေသောခါး ရှည်လျားသည့်နှာတံ၏ အဆုံးသတ်တွင် အနည်းငယ်ကောက်နေသယောင်ရှိ၏။အမည်းရောင်ရှိသည့် လက်သည်းတို့က သူမ၏မီးခိုးရောင်ဆံပင်တို့နှင့်အပြိုင် ရှည်ရှည်မြောမြောရှိ၏။

သူမသည်သားမွှေးကုတ် အဖြူဆင်မြန်းလျက် ဘေးရှိကျီးကန်းတစ်ကောင်ကို တစ်စုံတစ်ခုကို တီးတိုးရေရွက်ပြောနေ၏။သူမ၏ ပုံစံသည် အသက်အလွန်အမင်းကြီးပုံပေါ်သော်လည်း သူမ၏မျက်နှာကတော့ ခြားနားစွာပင်။အရေးအကြောင်းကင်းပြီး အသားအရေက တင်းတင်းရင်းရင်းဖြင့် ချောမော၏။

အိမ်တစ်အိမ်လုံးသည် ကျောက်သားအဖြူကြောင့် လင်းကျင်းနေ၏။ပွင့်နေသည့်စာမျက်နှာနှင့် စာအုပ်တစ်အုပ်။ ထိုစာအုပ်ဘေးဘက်တွင် ညစ်ပေနေသည့် စာအုပ်တို့က ပြန့်ကျဲလျက်။နူတ်ခမ်းအနားသတ်ကွဲနေသည့် ဖန်ခွက်တစ်ခွက်နှင့် စာအုပ်တို့တည်ရှိရာ စားပွဲတစ်လုံးသာ အိမ်အတွင်း၌ရှိ၏။ထိုစားပွဲဘေးဘက်တွင်ကား စာအုပ်စင်တစ်ခု။အမည်မသိသည့် ပုလင်းမျိုးစုံနှင့် ဟာသမြောက် သစ်သားရုပ်ကြွပုံများက နံရံဘေးဘက်တွင် ထောင်လျက်ရှိနေသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now