အပိုင်း ၂၄

776 144 15
                                    

Unicode

"သား ..သူ့ကိုအတူ ခေါ်သွားမှာလား.?"

တံခါးပေါက်ပင် မကျော်သေး။Taeyeon ဆီမှ အလောတကြီး မေးသံက ထွက်လာ၏။ဂျောင်ကုသည် သူမအားကြည့်သည်။ပြီးလျှင် ခေါင်းငြိမ့်ပြ‌တော့ ကလေးများလို လက်ခုပ်လက်ဝါး တီးလျက် ပျော်မြူးနေ၏။

"ပြီးတော့ ဘာလို့များ သူ့ကိုခေါ်သွားဖို့ ပြောတာကို ဝုန်းဒိုင်းကြဲပြီး ပြောရတာလဲ"

ဂျောင်ကုက သူမအား သိလိုစိတ်ပြင်းပျစွာကြည့်သည်။သို့သော် သူရလိုက်သည်က အဓိပ္ပါယ်မဲ့သည့် ရယ်သံချိုချိုသာ။

"အဲ့လို ပြောမိလိုက်တာ တောင်းပန်ပါတယ်။သူက အမေ့ကို ကူညီခဲ့တော့ အမေက သူ့ကိုတစ်ခုခု ပြန်ပေးချင်ရုံပါ။ဂျာမန်က သွားလည်ဖို့ အကောင်းဆုံးနေရာတစ်ခုလေ။ဒီမှာစိတ်ဖီစီးခဲ့သမျှ ဂျာမန်မှာ ကောင်းကောင်းမွန်မွန်နဲ့ လန်းလန်းဆန်းဆန်းလေး ဖြစ်သွားအောင် လုပ်ပေးချင်ရုံပါ"

"ကျွန်တော်က အပျော်ခရီး ထွက်တာမှ မဟုတ်ပဲ။အချိန်ပြည့် အလုပ်ပဲလုပ်နေရမှာ"

ဆော့ဂျင်အား သူမခေါ်ချင်ပါ။ယခုချိန်တွင် ‌သူအားနည်းနေသည် မဟုတ်လား။ပြီးလျှင် အစည်းဝေးအတွက် ထပ်ပြီး စိတ်ပင်ပန်းရဦးမည်။ထိုအရာတွေက ဆော့ဂျင်၏ ကျန်းမာရေးကို ပို၍ဆိုးရွား လာစေလိမ့်မည်။ထို့သို့ အဖြစ်မခံချင်ပါ။

သို့ပေမယ့် ဆော့ဂျင်အား လိုက်ခဲ့ရန် ခေါ်ပြီးသည့်အပြင် "yes" ဟူသည့် အဖြေအားလည်း ရနှင့်ပြီးပြီ။

"ကျွန်တော်နဲ့နေရရင် သူပိုပြီး စိတ်ပင်ပန်းနေလိမ့်မယ်"

ဂျောင်ကုက ထပ်မံပြောလာ၏။သူ၏စိတ်သည် အတွေးများနှင့် ဗျာများနေရသည်။

"မင်းနဲ့ဆို သူပိုပြီး ရှင်သန်နေတယ်လို့ ခံစားရမှာပါ"

သူမက တစ်ဦးတည်း ဘာသာရေရွက်၏။

"သား သူစိတ်ပင်ပန်းမှာ မဟုတ်ပါဘူး။မင်းသူ့ကို သေသေ‌ချာချာ ဂရုစိုက်လိုက်ပါ။အမေမင်းအကြောင်း ကောင်းကောင်းသိပါတယ်"

သူမ၏စကားအား သိသိသာသာ လစ်လျူရှုလျက် ဂျောင်ကုက အခန်းဆီ ကတိုက်ကရိုက် လျှောက်၀င်သွားတော့သည်။အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချသည်။အလုပ်အတွက် ဆော့ဂျင်အား ခေါ်ခြင်း။ထိုအရာက သူ့အား နှောင့်ယှက်နေ၏။မည်သို့ဆိုစေ ကျန်းမာရေးမကောင်းသည့် အားနည်းနေသူကို အလုပ်အတွက်ခေါ်သည်က တစ်ကိုယ်ကောင်းဆန်ရာ ရောက်လွန်းသည့်တိုင် ရင်အတွင်း၌တော့ သူ.....သူပျော်ရွှင်နေမိသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now