အပိုင်း ၂၅

902 145 13
                                    

ရေနွေးနွေးလေးဖြင့် ချိုးပြီး လွတ်လပ်ပေါ့ပါးသည့် ည၀တ်အကျီကို ‌၀တ်သည်။ညစာ စားပြီးသည်နှင့် ၀ရံတာအပြင်ဘက်မှ အေးစက်စက် ရာသီဉတုအား ခံစားကြည့်သည်။သို့သော် ဖုန်းမြည်သံက နှောင့်ယှက်လာ၏။

"ဟယ်လို"

"ဆော့ဂျင် ငါ့အခန်းကို အခုလာခဲ့။မနက်ဖြန် meeting နဲ့ပတ်သတ်ပြီး မင်းအကူအညီလိုတယ်။"

ရင်းနှီးလွန်းသည်။ပြီးတော့ အေးစက်လွန်းသည်။

"အိုကေ"

ဆိုရင်းပင် သူ၏အသွင်အား မှန်ပြင်၌ တခဏကြည့်သည်။ပြီးလျှင် laptop ကိုယူ၍ အခန်းကို လော့ချသည်။မျက်နှာချင်းဆိုင်မှ သူ၏အခန်းတံခါးကို မခေါက်ခင် ကော်ရစ်၌ ခေတ္တရပ်နေမိသည်။

ပြီးမှ တံခါးခေါက်လျှင် ဂျောင်ကုမှ ဖွင့်ပေးလာ၏။မီးခိုးရောင် ဘောင်းဘီနှင့် ရိုးရိုးရှပ်တစ်ထည်သာ ဆင်မြန်းထားသူ၏ အသွင်သည် ဆော့ဂျင်အတွက် သစ်ဆန်းနေ၏။အမြဲလိုလို ကုတ်နှင့်၀တ်စုံပြည့်ကိုသာ ၀တ်ဆင်တက်သည်မို့။သို့ပေမယ့် ဤပုံနှင့်လည်း သူကခန့်ညားဆဲပင်။

အခန်းတစ်ခုလုံးသည် သူနှစ်သက်လွန်းသည့် ဂျောင်ကု၏ ရနံ့တစ်ခုကသာ ထုံလွှမ်းနေ၏။

"ထိုင်"

သူ၏စကားကို နာခံရင်း ဆော့ဂျင်က ဆိုဖာတွင် ၀င်ထိုင်သည်။ရှေ့၌ စားပွဲ၏ဘေးဘက်တွင် စာကြည့်မီးအိမ်ကလေးက သေသေသပ်သပ် တည်ရှိနေ၏။သူ၏ Boss ကတော့ မျက်နှာချင်းဆိုင်တွင် နေရာယူထား၏။

"ဒါက banking retail အတွက်ဖိုင်ပဲ။မင်းက အဲ့အပိုင်းမှာ တော်တော့ ဒါကိုတစ်ချက်ပြန်စစ်‌ပေးပါ"

Pendrive ကိုယူရန် ဆော့ဂျင်က ခုံမှထသည်။သို့သော် သူ့အား ပြန်ထိုင်ရန် အမူအရာပြပြီး သူကိုယ်တိုင်ထ၍ ပေးလာ၏။laptop အတွင်းမှ စာလုံးအနက်လေးတို့ကို ကြည့်ပြီး ဆော့ဂျင် ငိုက်မြည်းချင်လာ၏။ဒါသည် ညစာကောင်းကောင်းစားပြီးသည်နှင့် ဆော့ဂျင်၏ အကျင့်‌ဆိုးလေးပင်။သို့သော်လည်း စိတ်အာရုံအလုံးစုံကို အလုပ်၌ စုစည်းထားဆဲပင်။

အချိန်တွေ ကုန်ဆုံးလာသည်။သူသည် ဖိုင်နှစ်ခု။စားပွဲ၌ တစ်ခု။သူ၏laptop တွင်း၌တစ်ခု။ထိုနှစ်ခုအား အလစ်အလပ်မရှိအောင် ပြုလုပ်နေမြဲ။စိတ်ဖိစီးမှု တစ်ခုကလည်း သူ့ကိုယ်အား ဝါးမြိုနေသေးသည်မို့။‌ညောင်းညာလာသည့် ကိုယ်အား ဆန့်ထုတ်၍ အကြောဆန့်သည်။သူ့အား ဖျက်ကနဲ လှမ်းကြည့်သည့် ဂျောင်ကုကို မြင်လိုက်သော်ငြား ‌ပြန်၍ကြည့်ချင်သည့် စိတ်ကို ထိန်းချုပ်လိုက်၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now