အပိုင်း ၁၀

875 159 14
                                    

ဂျောင်ကု ထိုအခန်းမှ ထွက်ပြီး သူ့ဖခင်ရှိရာ ရုံးခန်းဆီ ဦးတည်သည်။တံခါးသည် ပွင့်လျက်ရှိပြီး သူ့အား မာဆက်ဆက်အသံတစ်ခုက ခရီးဦးကြိုပါ၏။

"Project အခိုးခံရတယ်လို့ ငါကြားတယ်"

"Daddy"

"ကုမ္ပဏီမှာရှိနေတဲ့အချိန် ဒီလိုမခေါ်ဖို့ ပြောထားပြီပြီ"

"Sorry Sir Computer ကိုတစ်‌ယောက်ယောက်က Hack ပြီး--"

"အဲ့တာတွေ ငါမသိချင်ဘူး။project ကိစ္စပဲ သိချင်တယ်။မင်းက တော်တော်အသုံးမကျတာပဲ။တခြားတစ်ယောက်က မင်းကွန်ပျူတာထဲက ခိုးယူနေတာကိုတောင် မင်းကမသိဘူး။‌အသုံးကိုမကျဘူး။အဲ့ project ကငါတို့ စီးပွားရေးကို အများကြီးတိုးချဲ့ပေးမယ့် အရေးကြီးတဲ့ အရာတစ်ခုပဲ။ဒါပေမယ့် မင်းလုပ်တဲ့အမှား တစ်ခုက ငါတို့ကို အောက်ခြေထိ ဆွဲ‌ချသွားမှာ။မင်းရဲ့ အသုံးမကျတဲ့ အမှားကြောင့် ပြိုင်ဘက်ကုမ္ပဏီက ငါတို့ထက် ကျော်သွားမှာကို မလိုချင်ဘူး!"

ထိုစကားများတွင် ဂျောင်ကုမတုန့်ပြန့်နိုင်။လက်သီးကို တင်းတင်းဆုပ်လျက် ငြိမ်သက်စွာ ရပ်သည်။

"ဘယ်လို အသုံးမကျတဲ့ သားကိုမွေးထား ရတာပါလိမ့်။မင်းအိမ်ကို ပြန်ပြီး လက်မစုပ်နေဖို့ပဲ ကောင်းမယ်။အဲ့ဒါတစ်ခုပဲ မင်းအကောင်းဆုံး လုပ်နိုင်တာရှိတယ်"

ဂျောင်ကုသည် ခေါင်းငုံ့နေမြဲ။ဒီကုမ္ပဏီအတွက် သူအများကြီး ပေးဆပ်ထားသည်။သို့သော် ပြန်ရသည်က ဘာလဲ..?ဤသို့ အအော်ခံ အငေါက်ခံဖို့ တစ်ခုတည်းအတွက်လား..?

ဒေါသတစ်ခု၏ အခိုးအရှိန်က သူ့ကိုယ်တွင်း ဆူပွက်နေ၏။သူသည် ထိုဒေါသအဟုန်အား ချုပ်တည်းထားရသည်။မည်သည်ကြောင့်ဆိုသော် သူ၏မိခင်။ထိုတစ်ဦးတည်း အတွက်သာ။

"အခုမင်းဘယ်သူ့ကိုပဲ သံသယရှိရှိ။အဲ့လူကို ၀န်ခံလာအောင်လုပ်။မင်းလုပ်နိုင်တာ အကုန်လုပ်။ဒါပေမယ့် သူ့ဆီက ၀န်ခံချက်တော့ ရလာပါစေ"

ဂျောင်ကုက ခေါင်းငြိမ့်သည်။

"အခု မြန်မြန်သွားတော့"

သူသည် အံကိုတင်းတင်း စေ့ပိတ်ထား၏။ဖခင်ဖြစ်သူ၏ စကားလုံးတို့က သူ့အား အကြိမ်ကြိမ် နာကျင်စေသလို ဒေါသလည်း ဖြစ်စေ၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now