အပိုင်း ၁

1.5K 171 19
                                    

Zawgyi

ဆော့ဂျင်သည် ကိုယ်ပေါ်မှ စောင်ကို အလျင်ဖယ်ချလိုက်၏။မက်ခဲ့သည့် အိပ်မက်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းလွန်းသည်။ထိုထက်ပိုသည်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည်အတိုင်း ထင်ရှားလွန်းနေ၏။

သူသည် စောင်အောက်မှ သူ၏ကိုယ်အား စေ့စပ်စွာတစ်ချက်ကြည့်သည်။ရုတ်တရက် မောပန်းလာသည့် ခံစားမှုတစ်ချို့။သူ၏နှလုံးအိမ်မှ ရင်ခုန်နူန်းသည် အလွန်အမင်းသစ်လွင်နေ၏။

ငါသေသွားခဲ့တယ် ပြီးတော့ ပြန်လည်မွေးဖွားခဲ့တယ် ..?ဒါတွေက အိပ်မက်တစ်ခုရော ဟုတ်ရဲ့လား.?

ဆော့ဂျင်သည် အိပ်ခန်းပတ်လည်ကို ဝေ့ဝဲကြည့်လိုက်၏။သူသည် နွေးထွေးပြီး သက်သောင့်သက်သာရှိလှသည် သူ၏အိပ်ခန်းထဲတွင်ပင် ဖြစ်၏။နှာဝဆီလာရိုက်သည့် ဖယောင်းတိုင်နံ့သင်းသင်းထံ အကြည့်ပို့သည်။အိပ်ယာဘေးဘက် စားပွဲပေါ်တွင် ဖယောင်းတိုင်ပုပုတို့က အစီအရီရှိနေပါ၏။သူ၏အနှစ်သက်ဆုံးသော wind chime လေးသည် ပြူတင်းပေါက်၏အလယ်မှ လေအဝှေ့တွင် တဆီဆီအသံပြုပြီး လှုပ်ရမ်းကာ ပြနေ၏။အရာအားလုံးသည် ပုံမှန်သာ။ဤပစ္စည်းတို့သည် သူ၏အနှစ်သက်ဆုံးသော အရာတို့သာဖြစ်၏။

နေလုံး၏ အလင်းရောင်သည် တရိပ်ရိပ်ဖြင့် မြင့်တက်လာနေ၏။ယခုမှ အာရုံဦးပင်ရှိသေးသည်။ကျေးငှက်များက ပြူတင်းဘေးဘက်ရှိ သစ်ကိုင်းပေါ်မှ အသာမြည်တွန်လျက်ရှိနေပြီး ပြူတင်းဝမှ ပိတ်သားအပြာနုနုက လေတိုက်တိုင်း လွင့်ဝဲလာနေ၏။သူသည် ရှင်သန်မှု၏ အရသာတစ်ခုကို နှစ်ခြိုက်စွာ ခံစားလာရသည်။သူပြန်လာခဲ့ပြီ....

"ငပျင်းလေး ထတော့လေ"

ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် သူသည် လန့်ဖြန့်သွားရ၏။ပတ်ဝန်းကျင်ဆီ မျက်လုံးအဝေ့တွင် ရွှင်မြူးရိပ်ပြည့်သည့် ထိုဝိညာဉ်ကောင်လေးက သူ့အားလက်ပိုက်လျက် ကြည့်နေ၏။

"မင်းမောနေသလိုပဲ အဆင်ပြေရဲ့လား"

သူသည် ဆော့ဂျင်၏ဘေးကပ်လျင်တွင် ထိုင်လာပြီး သူ့အားစိုးရိမ်ကြီးစွာ စီးမိုးကြည့်လာ၏။ဆော့ဂျင်သည် နူတ်ခမ်းတို့ပွင့်ဟလျက် အဖြစ်အပျက်အား အံ့အားသင့်လျက်ရှိ၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now