အပိုင်း ၃၆ (A)

798 135 23
                                    

One foot on the ground, other in grave.

~~~~
Unicode

"ဆော့ဂျင် ငါ့ကို ကြိုက်တယ်ဆိုတာ သိတယ်။ငါ့ကို ချစ်တဲ့အကြောင်းပြောရမယ်ဆိုရင် သူ့မှာ ရဲရင့်တဲ့ နူတ်ခမ်းဖူးလေးတွေ ရှိတယ်။ဒါပေမယ့် ငါ့အချစ်ကို ရဖို့အတွက်တော့ Mom နဲ့ အဓိပ္ပါယ်မရှိ စိတ်ကူးယဉ် ဆန်တဲ့ ပုံပြင်တွေ ဖန်တီးပြီး အသုံးချဖို့ထိ မလုပ်သင့်ဘူး.."

"ဇာတ်ကြောင်းတစ်ခုလုံးက မယုံနိုင်စရာတွေပဲ"

...."ကိုယ်တို့ တွေ့တဲ့အချိန်က ဒီလိုအခြေအနေတွေ ဖြစ်မနေဖို့ ဆုတောင်းချင်တယ်။အရာရာက ကိုယ်တို့ဘက်မှာပဲ ရှိခဲ့ရင်ကောင်းမယ်"...

အိပ်စက်ဖို့ ငြင်းဆန်နေသည့် မျက်လုံးများက နီရဲနေသည်။ခန္ဓာကိုယ်က မပင်ပန်းသော်လည်း တရွေ့‌လေးတောင် မလှုပ်ချင်။အိပ်ရာထက်မှာပဲ အကြာကြီး နေနေမိသည်။

နူတ်ခမ်းပါးမှ လေပူတို့ကို အကြိမ်‌များစွာ မှုတ်ထုတ်သည်။ရင်တွင်းမှ လေးလံသည့် ခံစားချက်ကြီးပါ တစ်ပါတည်း ပါသွားခဲ့လျှင် အကောင်းသား။ယခုဖြစ်ပျက်နေသည့် အရာအားလုံးကို သူမကြိုက်ပါ။မခံမရပ်နိုင်စရာတွေ ချည်းသာ။နံရံကပ် နာရီထံ ကြည့်သည်။6:00 Am ကိုပြနေသည်။စိတ်ရှုပ်ဖွယ် အတွေးများမှ ရုန်းထပြီး ကုမ္ပဏီသွားရန် ပြင်ဆင်ဖို့ ဆုံးဖြတ်သည်။အချိန်အားဖြင့် အတော်လေး စောနေသေးသော်ငြား အလုပ်တွင်းမှာပဲ သူ့အချိန်များအားလုံးကို တစ်ဦးတည်း အလုပ်လုပ်ရင်း ကုန်ဆုံးချင်သည်။အရာအားလုံးကို တခဏလေးပဲ ဖြစ်ဖြစ် မေ့ထားချင်သည်။

ခပ်မြန်မြန်ပဲ အားကစားလုပ်ပြီး လန်းလန်းဆန်းဆန်း ဖြစ်ရန် ရေနွေးလေးဖြင့် ချိုးသည်။သို့သော် ‌ပေါ့ပါးလန်းဆန်းမှုကို မရခဲ့ပါ။အားကစားလုပ်ထား၍ စိုစွက်နေသည့် ချွေးများသာ ပျောက်ပြယ်သွားခဲ့သည်။စိတ်တွင်းမှ မွန်းကြပ်မှုကမူ မပျောက်။

ရုံး၀တ်စုံကို ၀တ်ဆင်သည်။သူ့နှလုံးသားအား တဖြည်းဖြည်း တိုက်စားနေသည့် နာကျင်မှုကြီးကို လစ်လျုရှုသည်။

ငါဘာလို့ ဒီလို ခံစားနေရတာလဲ.?အရမ်းကို မသက်မသာ ဖြစ်ရပြီး နာကျင်ရတယ်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now