အပိုင်း ၁၂

966 150 24
                                    

"yaa ဒီဓာတ်လှေကားက စက်ချို့ယွင်းသွားပုံရတယ်။အထဲက အော်သံလိုကြားရတယ်။တစ်ယောက်ယောက် မြန်မြန်လေး သွားစစ်‌ကြည့်ပါဦး"

တစ်စုံတစ်ဦး၏ အော်သံ။ထိုအသံသည် ဂျောင်ကု၏ အာရုံကိုဖမ်းစားသည်။သူသည် မကြာမီစေ့စပ်ရတော့မည့် အမျိုးသမီး‌လေးအား မပြောချင်သည့် စကားလုံးတို့ ဖျစ်ညစ်၍ ပြောနေရသည်ကို ပင်ပန်းနေဟန်။ဂျောင်ကုက ထိုအမျိုးသမီးကို ယခုချိန်တွင် ဂရုစိုက်ရန်မအား။အလျင်အမြန် ဓာတ်လှေကားရှိရာ ပြေးလွှားရင်းမှ နှေးနှေးကွေးကွေး သွားနေသူ စက်ပြင်သမားအား မကျေမနပ်ဖြစ်ဟန်။တစ်ချက် အော်ငေါက်ပါသေး၏။

ဓာတ်လှေကားသည် အလျင်အမြန်ပင် ပြင်ဆင်မှုပြီးဆုံးသည်။ပွင့်လာသည့် တံခါးချပ်နောက် အောက်ခြေ‌တွင် ‌ဖြူဖျော့နေသည့် ကိုယ်သွယ်သွယ်တစ်ခု။အ၀တ်အစားတို့က ချွေးစေးတို့ဖြင့်နစ်နေပြီး အနည်းငယ် တွန့်ကြေနေ၏။ဂျောင်ကုသည် မည်သည်မျှမလုပ်ပါပဲ အုပ်စုဖွဲ့ကာ ပွဲစင်ကြည့်သကဲ့သို့ ကြည်ရှုနေသူအပေါင်းအား တွန်းထိုးဖယ်ပြီး ထိုကိုယ်ငယ်အား ပွေ့ဖက်သိမ်းယူသည်။စွေ့ကနဲပါလာသည့် ကောင်လေးအား တစ်ချက်ငုံကြည့်ရင်း

ငါဒီဓာတ်လှေကားထဲ ၀င်လိုက်သင့်တာ..

သူဘာလို့ ဒီလိုတွေးလိုက်တာလဲ..?

မကြာသေးခင်မှ ပွဲကြည့်ပရိတ်သတ်သည် ထိုလူငယ်နှစ်ဦးအား ကြည့်သည်။အထူးသဖြင့် ယင်းတို့၏ Boss။ထိုကောင်လေးအား ပွေ့ချီယူသွားပုံက သူ့ဘ၀တစ်ခုလုံးက ထိုကောင်လေးပေါ်၌ မှီတည်နေသကဲ့သို့...

~~~~

ဆော့ဂျင်သည် မရင်းနှီးသည့် နေရာတစ်ခု၌ နိုးထလာသည်။သူသည် အလွန်တရာ နူးညံ့လှသည့် ဆိုဖာထက်၌ အိပ်ပျော်နေခြင်း။မျက်လုံးတို့ကို ဖွဖွပွတ်သပ်ပြီး ပတ်၀န်းကျင်ဆီ ဝေ့ဝဲတော့ သူ့အား စုံလည်ထိုင်ခုံမှ စူးစိုက်ကြည့်နေသူနှင့် အကြည့်စုံသည်။

သူသည်ရုတ်ကနဲထထိုင်ပြီး မျက်လုံးတို့ကို လက်ဖြင့်ပွတ်သပ်ပြန်သည်။အိပ်မှုန်စုံမွှားမျက်နှာထက် ခပ်ဖူးဖူးနူတ်ခမ်းတို့ကပါ ဆူပုတ်ပုတ်လေးဖြစ်နေပုံက မြင်ရသူအဖို့ မှင်သက်ဖွယ်။သို့သော် ‌ဂျွန်ဂျောင်ကုတော့ ပါဟန်မတူ။မပါဆို သူသည်နှလုံးသားမဲ့ ရေခဲလူသားမဟုတ်ပါပေလား။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now