အပိုင်း ၃၀

915 153 36
                                    

Unicode

လက်တွင်းမှ အပြစ်မဲ့စောင်စအား ဆော့ဂျင်မှာ အတင်းအရင်း ဖျစ်ညစ်နေမိသည်။သူ၏ရှေ့မှောက်မှ အေးစက်စက်အကြည့်နှင့် ဂျောင်ကုအား သူနားမလည်နိုင်။တစ်ချက် လှုပ်ရှားမိသည်အခါ အောက်ပိုင်းမှ နာကျင်မှုက စူးကနဲ။သူသိလိုက်ရပြီ။သူက ဖြူစင်မှုမရှိတော့ပြီ။

"မနေ့ညက ငါတို့နှစ်ဦး ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိလား"

တိတ်ဆိတ်သည့် အခန်းတွင်း လေထုကို ဖောက်ထွင်းလာသည်က ဂျောင်ကု။မာထန်ထန် အသံကြောင့် ယောင်ယမ်းကာ ဆော့ဂျင်က တံတွေးမြိုချသည်။

"ကျွန်တော်တို့..."

စကားစက ပြတ်သည်။သူက အောက်ဘက်ရှိ စောင်စကို တင်းကြပ်ကြပ် ဆုတ်ကိုင်သည်။အကြည့်တို့က အိပ်ယာအောက်ဘက်၌ ပျံကျဲနေသည့် သူ၏အ၀တ်တို့ဆီတွင် တန့်သည်။

"ကျွန်တော်တို့.....အချစ်ကို ပုံဖော်ခဲ့တာ"

ထိုစကားပြောပြီးသည့်တခဏမှာပင် ချက်ချင်း ပြန်ရုတ်သိမ်းချင်သည့် စိတ်ကဖြစ်ပေါ်သည်။ဂျောင်ကုမျက်နှာက သူ့စကား၌ နှစ်မြို့ခြင်း အလျင်းမရှိ။ဒေါသအရောင်လွှမ်းလျှက်က သူ့အပြောအား သရော်လှောင်ရယ်ဟန် ပြုသည်။ထိုအရာက ဆော့ဂျင်အား ဒေါသ ထွက်စေသည်။

"ငါတို့အမှားလုပ်ခဲ့တာ!"

‌ဒေါသတကြီး အော်သံ။ထိုအော်သံနောက် ဆော့ဂျင်နှလုံးသားက တစ်စစီ ကြေကွဲသည်။ဆိုနင့်နေသော ရင်ကြောင့် ငိုဖို့ပင် မစွမ်းနိုင်။သည်းထန်စွာ ငိုကြွေးရန် မစွမ်းသာသည့် ဆော့ဂျင်မှာ ခေါင်းငုံ့ကာ မျက်ရည်များသာ စီးကျ‌နေ၏။အကြည့်တို့က လည်ဆွဲထံ ရောက်သည်။ရတနာ နှစ်ခုသာ ကျန်တော့၏။ထိုနာကျင်မှုက ယခုနာကျင်မှုကို တစ်မှုန်စာမျှပင် မယှဉ်နိုင်။တစ်ဆို့နေသည့် လည်ချောင်းအား ရှင်းရန် သက်ပြင်းရှည်ကြီး ရှိုက်သည်။နူတ်ခမ်းတို့ တဆက်ဆက်တုန်ရီလျက်က မျက်လုံးများမှ မျက်ရည်များ စီးကျသည်။

ထိုသို့သော အချစ်အား ပုံဖော်ခြင်းက အလွန်လှပသည့် အရာတစ်ခု။ထိုအရာကို ချစ်ရသူနှင့် ကုန်လွန်သည့်အခါ အနိုင်းမသိသော ပျော်ရွှင် သာယာမှုကို ပေးသည်။သို့ပေမယ့် ဆော့ဂျင်အတွက်တော့ မှန်ဟန်မတူ။သူ့ချစ်ခြင်းက ဤအဖြစ်၌ ဆပ်ကြေးတစ်ခုဖြစ် အပျော်သပ်သပ် သတ်မှတ်ခြင်း အဆင့်သာရှိခဲ့သည်။ထူးခြားခြင်း အလျင်းမရှိ။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now