အပိုင်း ၁၉

857 148 21
                                    

Zawgyi

သူသည် ၀ရံတာ၌ ထိုင်ရင်း သက်ပြင်းသဲ့သဲ့ချသည်။သို့သော် ထိုသက်ပြင်းသဲ့သဲ့နောက် သူ၏နူတ်ခမ်းသားက ကွေးညွတ်လာသည်။လှပသည့် အပြုံးတစ်ပွင့်။ထိုအရာသည် သူ၏ပါးပြင်ထက် ကျန်ရှိနေသေးသည့် နွေးထွေးမှုတစ်ခုအား ကိုယ်စားပြုသည်။ဂျောင်ကု၏ ထိုနူးညံ့နွေးထွေးသည့် အထိအတွေ့လေးက နှလုံးအိမ်နှင့်နာမ်ဓာတ်လေးအား အပြည့်အ၀ ခွန်အားတို့ ပေးစွမ်း၏။

အတိတ်၌ ထိုသို့သော နွေးထွေးမှုလေး ရဖို့ပေ‌ဝေး။နီးကပ်မှုလေး တစ်ခုပင် မရခဲ့ဖူး။ထိုအရာသည် သေချာ၏။

‌ဘာကြောင့် ဤမျှသေချာနေသည်လဲ..?

သူ၏နှလုံးအိမ်။အနည်းငယ်သော နီးကပ်မှုတစ်ခုလေးကပင် ငတ်မွတ်တောင့်တမှုကို ပြေပျောက်စေသည်မို့။ထို့သို့သော နီးကပ်မှု နွေးထွေးမှု နည်းနည်းလေးပင် ရခဲ့လျှင် မည်သို့သော တောင်းတမှုတစ်ခုမျှ မလုပ်ပါပဲ။ကျေကျေနပ်နပ်ကြီး သူရှင်သန်နေဦးမည် ဖြစ်သည်။

နှလုံးအိမ်မှ  ပြင်းထန်သော ခြောက်ကပ်မှုက သူ၏ဘ၀အား ခမ်းခြောက်သွားစေခြင်း။နှလုံးသားသည် အသောင်းသောင်းအပြောင်းပြောင်းသော အတွေးတို့ကြောင့် ပျက်စီးသည်။ဂျွန်ဂျောင်ကု၏ မျက်နှာနုနုအား မမြင်ရပါပဲ။နွေးထွေးသည့် အထိအတွေ့တို့အား မခံစားရပါပဲ။သူ၏ အငွေ့အသက်တို့ မရှိပါပဲ။နေရခြင်း။ထိုအတွေးက သူ၏နှလုံးသားအား ညဉ်းပမ်းမှုပြုသည်။အဆုံး၌ ထိုအတွေးတို့ကပင် သူ၏အသက်ကို နုတ်ယူသွားခဲ့သည်။

သူသည် အေးစက်သော်ငြား နွေးထွေးလွန်းသည့် ဂျောင်ကု၏ အထိအတွေ့တို့အား တပ်မက်ပါ၏။

မှန်ပြင်၌ ထင်ဟပ်နေသည့် သူ၏ပုံရိပ်အား အောက်နူတ်ခမ်းဖူးကို ဖိကိုက်လျက် ကြည့်သည်။သူ၏ချောမော (လှပ)မှုက သူ့အားအနည်းငယ် ၀င့်ကြွားသွားစေသည်။ရေချိုးပြီးစမို့ ကြည်လင်နေသည့် အသားအရေက ရွှေရောင်အလင်းတန်း လွှမ်းခြုံသည့် အဖိုးတန်ပုလဲတစ်လုံးကဲ့သို့။လင်းလက်ကြည်စင်၏။

ဆော့ဂျင်မျက်နှာသည် နီးမြန်းလာသည်။ပိုးသားသို့သော ရှည်မြောမြော အ၀တ်မဲ့ ခန္ဓာကိုယ်တစ်လျှောက် နင့်သည်းသည့် အကြည့်ဖြင့် သူ့အား ကြည့်‌မည့် ဂျောင်ကုကို ပုံဖော်ကြည့်သည်။ဂျောင်ကု၏ လက်ဖဝါးကြီးကြီးတို့က သေးသွယ်သည့် သူ၏ခါးကို ပွေ့ပိုက်မည်။ထို့သို့ဆိုလျှင် သူ၏သေးသွယ်သော ခန္ဓာကိုယ်က ပြည့်စုံထည်ဝါသည့် ဂျောင်ကု၏ခန္ဓာကိုယ်ထဲ နစ်မြုပ်နေမည့် ပုံရိပ်။သိပ်ကို ပြီးပြည့်စုံသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now