အပိုင်း ၅

887 156 26
                                    

Unicode

"နမ်ဂျွန်း"

"ဟုတ်ကဲ့ Hobeom ssi"

လက်တွင်းမှ ဖိုင်တစ်ပွေ့တစ်ပိုက်ဖြင့် Hobeom က၀င်လာ၏။

"ဒီမှာ မင်းအတွက် အလုပ်ဖိုင်တွဲတွေ"

သူသည် အထက်အရာရှိ ဂျောင်ကု၏ အမှာကို ပြန်ကြားယောင်ရင်း ဆော့ဂျင်ထံသို့ ကြည့်သည်။ဆော့ဂျင်သည်လည်း သူ၏နေရာမှ အလိုက်တသိ ထလာ၏။

"ကျွန်တော် ယူလိုက်မယ်"

Hobeom လက်ထဲမှ အဖိုင်တစ်ပွေ့ကို သူကသိမ်းကြုံးယူသည်။သူ့အား ဦးခေါင်းထက် question mark ပေါင်းအဝိုင်းလည်လျက်ဖြင့် တစ်ရုံးခန်းလုံးက ငေးကြည့်နေပါ၏။

"Boss ကကျွန်တော့်အလုပ်တွေ သူ့ဆီပေးပြီး လေ့ကျင့်ပေးဖို့ ပြောထားတာ"

Hobeom သည်အံဩဘနန်း နူတ်ခမ်းပွင့်လျက် ခေါင်းငြိမ့်သည်။ဂျီမင်းက ဆော့ဂျင်အား ဂရုဏာ သက်စွာကြည့်သည်။ထိုလူငယ်လေးသည် နားချိန်၌ sandwich အကြီးတစ်ခုနှင့် ကော်ဖီနှစ်ခွက် သောက်ထားသည့်တိုင် နွမ်းနယ်မှုက အထင်းသား။

"Boss ကမင်းကို ခိုင်းထားတာလား"

ဆော့ဂျင်က ခေါင်းငြိမ့်၏။ထိုအခါ ဂျီမင်းသည် လေးတွဲ့သော အပြုံးတစ်ခု ပြန်ပေးလာသည်။

"ငါမင်းကို ကူညီရမလား"

"မကူညီပါနဲ့။ကျွန်တော် တခြားသူဆီက အကူအညီယူတာကို သူ‌သိသွားရင် အလုပ်ပြုတ်မှာ သေချာတယ်။ဒါကကျွန်တော့်အလုပ်ပဲလေ။ကျွန်တော် လုပ်နိုင်ပါတယ်"

သူကမူ အပြုံးမပျက်။မူလကြည်သည့် မျက်နှာနှင့်သာ တုန့်ပြန်လာသည်။

"ဒါပေမယ့် အရမ်းများတယ်လေ!"

"အာ, စိတ်မပူပါနဲ့ ကျွန်တော်လုပ်နိုင်ပါတယ်"

ဆော့ဂျင်သည် သူ့အား အမျိုးမျိုးမေးကာ တွေးပူပေးနေသည့် ကောင်လေး၏ စုံလည်ခုံအား နေရာတကျ ပြန်ရောက်စေရန် တွန်းထုတ်လိုက်တော့၏။

"လုပ်နိုင်တယ်ဆိုပေမယ့် ..ဒါကတကယ်အရမ်း များလွန်းတယ်"

တစ်ဦးတည်း တီးတိုးရေရွက်၏။မိမိ၏ အဖြစ်နှင့်သာမို့ မလုပ်နိုင်သည့်တိုင် လုပ်ရပေမည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now