အပိုင်း ၂၀

835 162 28
                                    

Unicode

ဂျောင်ကုရုံးခန်းတွင်း ၀င်ရင်း သူ၏ခြေလှမ်းတို့က နှေးကွေးတုန့်ဆိုင်းလာ၏။ဂျောင်ကု၏ အလိုမကျ မှောင်မှိုင်းသည့် မျက်နှာအရ သူ၏စိတ်သည် ‌‌ကြည်လင်နေဟန်မတူ။

သူသည် အခန်းထောင့်နားတွင် ရပ်ရင်းဦးခေါင်း ငုံ့ထားမိသည်။Training ပြီးခဲ့သည်မှာကြာပြီမို့ အဘယ်သောအကြောင်းကြောင့် သူ့အားခေါ်ခဲ့သည်လဲ။သူမသိ။

"ဆော့ဂျင် အရောင်းပိုင်း report ဖိုင်တွေကို ကင်နမ်ဂျွန်း မရှိတုန်းမင်းကို တာ၀န်ယူပေးဖို့ ပြောချင်လို့"

‌သူက နာခံစွာ ခေါင်းတဆက်ဆက်ငြိမ့်သည်။

"ပြီးတော့..နောက်တစ်ကြိမ်ထပ်ပြီး တောင်းပန်တယ်"

ဂျောင်ကု၏ အေးစက်စက်အသံကြောင့် သူကနားမလည်စွာ မော့်ကြည့်၏။

"မင်းကိုမနေ့ညက နှောင့်ယှက်မိတဲ့အတွက်လေ။ငါတို့မင်းရဲ့ အစီအစဉ်ကို နှောင့်ယှက်ဖို့ လုံး၀မရည်ရွယ်ဘူး"

"Sir တို့တကယ် ကျွန်တော့်ကို မနှောင့်ယှက်ခဲ့ပါဘူး။မနေ့ညက ကျွန်တော့်မှာ ဘာအစီအစဉ်မှလည်း မရှိပါဘူး။အန်တီ Taeyeon ရောက်လာတာအတွက် ကျွန်တော်တကယ်ကို ပျော်ခဲ့ပါတယ်"

သူက ပြုံး၏။

"တကယ်လား.?"

‌သူသည် မျက်ခုံးတစ်ဖက် ပင့်မြှောက်ရင်း ဆော့ဂျင်အနားဆီ ချဉ်းကပ်လာပါ၏။

"မင်းမှာ ဘာအစီအစဉ်မှ မရှိဘူးဆို ဘာလို့ ထယ်ယောင်းက မင်းဆီရောက်လာတာလဲ"

ဆော့ဂျင်၏ အပြုံးက ပျောက်ဆုံးသွား၏။သူသည် နူတ်ခမ်းတို့ကို ဖွင့်ဟလိုက်သော်ငြား သူ၏ရှေ့တွင် အေးစက်မာကြောသည့် အမူအရာဖြင့် ရပ်နေသူကြောင့် မည်သည့်စကားသံတို့မှ ထွက်မလာ။

သူသည် ဂျောင်ကု၏ ထိုအေးစက်စက် မာထန်ထန် မျက်နှာထက် အကြောင်းတစ်ခုခုကို ရှာတွေ့ချင်သည်။သို့မှသာ ဤအကြောင်းအရင်းက မည်သည်ကို ဦးတည်လဲဆိုသည်ကို သူသိနိုင်မည်။

"အခုတော့ မင်းဘာလို့ မနေ့ညကပုံ ၀တ်ထားလဲဆိုတာ ငါသိပြီ"

သူက ခါးသက်စွာပြုံး၏။ထိုအပြုံးထဲ နာကျင်မှုတို့ ရောယှက်နေသေး၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now