အပိုင်း ၄

966 163 18
                                    

Unicode

ဂျောင်ကုသည် စားပွဲ‌ပေါ်သို့ တဒေါက်ဒေါက် ခေါက်ရင်းမှ သူ၏အဖြေအား စောင့်စားနေပါ၏။ဆော့ဂျင်သည် မိမိ၏ မြေပုံအတွင်းပြန်၀င်ပြီးသာ နေချင်တော့သည့် စိတ်ဇောတစ်ခုသာ ရှိတော့၏။

"မင်းရဲ့အလုပ်ကို မြတ်နိုးတယ်ဆိုတဲ့ စကားလုံးက လေမှာပဲ ပျောက်သွားပြီထင်တယ် ဒါမှမဟုတ် မြတ်နိုးမှုရဲ့ Battery ကုန်သွားတာများလား"

"ကျွန်တော်တောင်းပန်ပါတယ်"

"တောင်းပန်တယ်..?အမှားတွေလုပ်မယ် ပြီးရင် အဲ့ဒီအသုံးမကျတဲ့ တောင်းပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းနဲ့ အားလုံးကို သင်ပုန်းချေမယ်"

သူသည် နူတ်ခမ်းတစ်ဖက် တွန့်ကွေးရင်း ခုံသို့ နောက်ကျောမှီချလိုက်၏။

"ရုံးခန်းရဲ့ နေရာတစ်ခုက အသုံးမကျတဲ့ လူတစ်ဦးရဲ့ အသုံးချခြင်းကို ခံနေရတာပဲ။တကယ်တော့ နေရာနှစ်ခု။မင်းကို အင်တာဗျူးတဲ့ တခြားတစ်ယောက်ရောပေါ့"

စိတ်ပျက်မှု အထင်းသားနှင့် သူသည်အားနာမှုကင်းမဲ့လျက် ပြတ်သားစွာပြော၏။

"ငါ့ကို မင်းဒီမှာအလုပ်ဆက်လုပ်လို့ရစေမယ့် အကြောင်းပြချက်လေး တစ်ခုလောက်ပေး။တစ်ခုလောက်ပါပဲ"

ဆော့ဂျင်၌ အဖြေမရှိ။ရှိသည့် အဖြေကလည်း ဖြေရန်မသင့်။ခေါင်းကို ပိုငုံ့လျက် ရစ်သိုင်းကာ ထွက်လုဆဲဖြစ်သည့် မျက်ရည်တို့အား ပြန်သိမ်းသွင်းသည်။

'ကျလို့မရဘူး ဂျင်' သူသည် တွေးလိုက်ရင်းမှ မိမိ၏ အဖြစ်မရှိလှသည့် ပုံအား အလွန်အမင်း ဒေါသထွက်လာရတော့သည်။

"ဒီမှာ တခြားဖိုင် တစ်ခုရှိနေသေးတာလား"

ဂျောင်ကုသည် သူ၏နောက်ဘက်မှ ဖိုင်ထပ်အတွင်း မွှေနှောက်ရှာ၏။ပြီးလျှင် ခေါင်းပြန်မမော့သေးသည့် လူငယ်လေးအား တစ်ချက်ကြည့်သည်။

"ငါမင်းကို အလုပ်ထုတ်သင့်လား"

ဆော့ဂျင်သည် ကြမ်းပေါ်သို့ ဒူးထောက်ထိုင်ပြီး ဂျောင်ကု၏ခြေထောက်အား ဖတ်၍တောင်းပန် ခယချင်စိတ်တို့ ကြီးစိုးသွား၏။သူ၏မျက်လုံးအစုံက ပြူးကျယ်လျက်ဖြင့် မည်သည့်ခံစားမှုမှ မပြသည့် သူ၏ Boss အားမော်ကြည့်သည်။အမှန်ကို အမူအရာကင်း၏။ချောမွတ်နေသည့် ကျောက်သားပြင်တစ်ခုအား ကြည့်ရသကဲ့သို့ အေးစက်လျက် အမူအရာကင်းမဲ့၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now