အပိုင်း ၃၆ (B)

869 141 25
                                    

Unicode

ဂျောင်ကုအတွက် အံ့ဩစရာသည် ထိုဟောင်းနွမ်းနေသည့် ခုံတန်းတွင် သူ့၏ကိုယ်ပွား တစ်ဦးက  နာကျင်မှုကြီးစွာဖြင့် ငိုနေခြင်း။ထယ်‌ယောင်းက သူ့ကို နှစ်သိမ့်နေသည်။ဂျောင်ကုက ထိုခုံတန်းတွင် မျက်နှာကိုအုပ်ပြီး ငိုနေသည်။ဂျောင်ကု(real one) ထိုပုံရိပ်နှစ်ခုဆီ ဘာဖြစ်နေသည်ကို သိရရန် တိုးကပ်သည်။သူတို့နှင့် အနီးဆုံး သစ်ပင်တစ်ပင်တွင် ကွယ်ပြီး ရပ်သည်။ပတ်၀န်းကျင်တစ်ဝိုက်ကို ဝေ့ဝဲကြည့်မိသည့် တခဏ ရင်အတွင်း အမည်ဖော်မရသည့် နာကျင်မှုက ဆစ်ကနဲဖြစ်ပေါ်လာသည်။သူ သည်အခြေအနေကြီးကို မကြိုက်ပါ။သည်နေရာကို တွေ့တိုင်း သူမမြင်ချင်ခဲ့ဘူး။သည်နေရာရောက်တိုင်း ရင်အတွင်းနာကျင်မှုကို ခံစားရသည်။

သူ့အကြည့်က ၀င်ပေါက်တွင် ချိတ်ဆွဲထားသည့် သစ်သားဆိုင်းဘုတ် လေးဆီရောက်သည်။"Carnation Graveyard" ဟုရေးထိုးထားသည်။

"ငါသူ့ကို ပြန်လိုချင်တယ် ထယ်ယောင်း.."

Jungkook (ပုံရိပ် ဂျောင်ကုကို Jungkook လို့ရေးပြီး အစစ်အမှန်ကိုတော့ ဂျောင်ကုလို့ မြန်မာလို ရေးပါမယ်နော် ရှုပ်သွားလား မသိဘူး။ ) ကထယ်ယောင်းကို မျှော်လင့်ချက်ကြီးစွာ မော့ကြည့်သည်။မဖြစ်နိုင်သည့် တစ်စုံတစ်ခု။ဘယ်သောအခါမျှလည်း ဖြစ်လာမှာ မဟုတ်သည့် အရာတစ်ခုကို သူတောင်းဆိုနေမှန်း Jungkook ကိုယ်တိုင်သိသည်။သို့ပေမယ့် နာကျင်မှုများက အလိုအလျောက် တောင်းဆိုနေသည်။သေပြီးသား လူတစ်ဦးက ပြန်ရှင်သန်လာမှာ မဟုတ်ဘူးဆိုသည်ကို သူသိနေသော်လည်း။သူ့ကို ပြန်ရဖို့ ဘယ်နည်းလမ်းကိုမဆို ‌Jungkook အသုံးပြုမှာဖြစ်သည်။

God ဆိုသည်ကို သူအယုံအကြည်မရှိခဲ့။သို့သော် ယခုတော့ ထိုနတ်ဘုရားတို့အား တိုင်တည်ပြီး ရသမျှ တရားတို့နှင့် ဆု‌တောင်းသည်။miracle လေးတစ်ခု ဖြစ်ဖို့ သူဆုတောင်းသည်။မဖြစ်နိုင်သည့်အရာ သို့သော် သူဆုတောင်းသည်။အရာအားလုံးကို သူပြောင်းလဲ ပစ်ချင်သည်။

"အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ ရခဲ့ရင်"

သူက သက်ပြင်းရှည်ကြီး ရှိုက်သည်။ခြောက်သွေ့နေသည့် ပါးပြင်သည် ထပ်ပြီး စိုစွက်လာသည်။အချိန်တွေကို ပြန်လိုချင်သည်။သူ့ဆုတောင်းကို တစ်‌နေရာရာမှ ကြားစေချင်သည်။သူ့နာကျင်မှုတွေကို နားလည်ပေးစေချင်သည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now