အပိုင်း ၃၁

824 136 36
                                    

Unicode

"ငါထပ်ပြီး မရှင်သန်ရှင်တော့ဘူး။ငါ့ဆန္ဒတွေအားလုံး ဆုံးရှုံးခဲ့ရပြီ"

သူက ကိုယ်ကိုပိုပြီးကျုံ့သည်။ပခုံးနှစ်ဖက်က လေးလံလွန်းသည့် ကမ္ဘာပျက်အား ထပ်မံပြီး မသယ်ပိုးနိုင်ဟန် ကုတ်ကျနေ၏။မျက်ခမ်းစပ်နားမှ ရစ်သီးသည့် မျက်ရည်တို့က တလှိမ့်ချင်း ‌ပါးပြင်ပေါ်  စီးကျသည်။သို့ပေမယ့် ခပ်ကြမ်းကြမ်း သုတ်ယူခြင်း ခံလိုက်ရသည်။

"မင်းသိခဲ့တယ်..."

သူ့နံဘေးရှိ သူငယ်ချင်းထံမှ အသံ ထွက်လာသည်။ထိုအခါမှ မျောလွင့်သည့် စိတ်က ပြန်ရောက်သည်။

" သူဟာ မင်းအတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာ မင်းသိတယ်။မင်းနှလုံးသားကလည်း သိတယ်။ဒါပေမယ့်....ဒါပေမယ့် မင်းဘယ်တော့မှ သူ့ကို စကားတစ်ခွန်း မပြောခဲ့ဘူး။ပြောခဲ့ရင်လည်း ‌အေးစက်မာထန်ပြီး ပြင်းလွန်းတဲ့ စကားတွေပဲ ဖြစ်နေခဲ့တယ်။အဲ့တာက ဘယ်တော့မှ အကူအညီမဖြစ်ဘူး။မင်းမှာ အချိန်တွေ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ် ဒါပေမယ့် မင်းကိုယ်တိုင်ပဲ အဆုံးရှုံးခံခဲ့တယ်။အခုတော့ ငိုကြွေးနေရုံ စိတ်ပင်ပန်းနေရုံပဲ တက်နိုင်တော့တာ ၀မ်းနည်းဖို့ ကောင်းလွန်းတယ်"

မျက်ရည်တို့သာ တသွင်သွင် စီးကျနေသည့် သူငယ်ချင်းဖြစ်သူကို အချိန်အတော်ကြာ စိုက်ကြည့်မိသည်။သွေးရောင်မရှိသည့် မျက်နှာထက် မျက်ခမ်းစပ်တို့က သည်းထန်စွာ ငိုထားသည့် ဒဏ်ကြောင့် ဖောင်းအစ်နေပြီး ပါးပြင်တစ်လျှောက် စီးကျသည့် မျက်ရည်တို့က မေးစေ့နားတွင် ခိုသီး‌နေသည်။သူ့အသွင်သည် မနက်ဖြန်ဟူသည့် နေခြည် ရှိသည်ကို မယုံကြည်တော့ဟန်။သည်းသည်းထန်ထန် ငိုကြွေးနေသည်။သူ့စကားလုံးတွေက သူငယ်ချင်းဖြစ်သူကို မည်သို့မျှ မနှစ်သိမ့်နိုင်။ဒါကို သိသည်။သို့သော်လည်း သူနှစ်သိမ့်ချင်သေးသည်။

"ဟုတ်တယ် ငါက ‌ငိုကြွေးနေရုံပဲ တက်နိုင်တော့မယ်"

သူက ခေါင်းငြိမ့်ပြီး သူ့အပြောကို သဘောတူလာသည်။

"အခု ဒီအတိုင်းပဲ ငါအသက်ရှင်သွားတော့မယ်"

"ဒါပေမယ့် အဲ့ဒါက မင်းကိုရှင်သန်နေရတဲ့ ပျော်ရွှင်မှုကို ပေးမှာမဟုတ်တော့ဘူး သူငယ်ချင်း"

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now