အပိုင်း ၂၈

817 147 23
                                    

Unicode

"ဟေး ဆော့ဂျင် ဘာဖြစ်တာလဲ?"

မျက်နှာကိုလက်ဖြင့် အုပ်ကိုင်၍ ငိုနေသူ၏ လက်များကို ဂျောင်ကု ဆွဲယူဆုတ်ကိုင် မိသည်။ဤသို့ ရုတ်တရက်ကြီး သည်းသည်းထန်ထန် ငိုကြွေးလာသည်က သူ့အား စိုးရိမ်မှု မြင့်တက်စေသည်။

ဆော့ဂျင်အား နောက်နားမှ ဆိုဖာထက် ထိုင်စေပြီး သူကမူဆော့ဂျင်ရှေ့တွင် ဒူးထောက်ထိုင်သည်။ဤသို့ဖြစ်ရခြင်း နောက်ကွယ်သည် အရက်ရှိန်ကြောင့် ဟန်ဆောင်နေခြင်းဟု ဂျောင်ကုထင်သည်။သို့သော်ငြား ဆော့ဂျင်၏ မျက်နှာထက်မှ နာကျင်မှုတို့ပုံရိပ်က အမှန်ပင် နာကျင်မှုအားဆွတ်ပျံ့ပျံ့ ကူးစက်စေသည်မို့။

"ဂျင် မင်းတအားနာကျင်နေတာလား?ငါတို့ ‌ဆရာ၀န်ဆီ သွားကြမလား..တစ်ခုခုပြောပါဦး ဟမ်."

သူသည် လက်တွင်းမှ တုန်ယင်နေသည့် ဆော့ဂျင်၏ လက်သေးသေးကို ဖွဖွဖျစ်ညစ်မိသည်။ဆော့ဂျင်ခံစားနေရသည့် နာကျင်မှုတို့ကို သူအဆုံးသတ်ပေးချင်သည်။မည်သည့်ကြောင့်သော် သူ၏မိခင်ကြောင့်။ဟုတ်သည်။ဆော့ဂျင်ကို သူ့မိခင်မှ စောင့်ရှောက်ပါဟု ပြောခဲ့ခြင်းကြောင့်။သူ့၌ တခြားအကြောင်းမရှိ။အစောတည်းက ဆော့ဂျင်ကို သူလုံးလုံး ခေါ်မလာသင့်။

ဆော့ဂျင်က သူ၏အတွင်းရေးမှူးအဖြစ် အမှန်ပင်ကောင်းမွန်အောင် လုပ်ပေးနိုင်သည်။သို့ပေသည့် ဆော့ဂျင်မပါသည့်တိုင်လည်း ဤကိစ္စရပ်များအား Jeon ဖြေရှင်းနိုင်သည်။ထိုသို့တိုင်စေ သူ့၌ မိခင်၏ တိုက်တွန်းမှုများစွာကြောင့် ခေါ်လာခဲ့ရသည်။

ဆော့ဂျင်က ခေါင်းခါပြီး နှာခေါင်းတရှုံ့ရှူံ့ဖြင့် ပြောလာသည်။

"ဒီနာကျင်မှုက တခြားသူကုလို့မရဘူး....မင်းကလွဲလို့ပေါ့ "

ဆော့ဂျင်က ပြောသည်။သူ၏အသံတို့က အဆုံးသတ်၌ တိုးတိမ်‌ဖျော့တော့နေပါ၏။ဤတစ်ကြိမ်တွင်လည်း ဂျောင်ကုမှာ ‌သူ၏ပါးထက်မှ မျက်ရည်စတို့အား ‌တို့ထိသုတ်ယူပေးချင်သည့် ဆန္ဒအား ချိူးနှိမ်ထားရပြန်သည်။အကယ်၍ ထိုသို့လုပ်ပေးနိုင်လျှင် အနည်းငယ်မျှတော့ ဆော့ဂျင်သက်သာရာ ရမည်ဟုထင်သည်။ထိုသည့်တိုင် သူ့၌ လုပ်ရှား၍မရ။ထိုင်မြဲထိုင်နေ၍ တလှိမ့်လှိမ့်ကျသည့် မျက်ရည်တို့အား ကူကယ်ရာမဲ့ ငေးမောနေမိပြန်သည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now