အပိုင်း ၈

832 159 10
                                    

Unicode

"Jungkook ငါ့ကို Sunmi ပြောတယ်။ မင်းလေဆိပ်ကို နောက်ကျမှ ရောက်လာတယ်တဲ့။မိနစ်သုံးဆယ်လောက် သူစောင့်လိုက်ရတာတဲ့။ပြီးတော့ ကုမ္ပဏီမှာလည်း မင်းရှိမနေဘူး။မင်းဘာလို့ ဒီလောက်ထိ ‌ပေါ့လျော့ရတာလဲ"

ထိုလူ၏ အသံက ခံစားမှုမဲ့၏။အေးစက်မာကြောသည်ထက်လည်း ပိုနိုင်သည်။

"တောင်းပန်ပါတယ် Daddy"

"တောင်းပန်တယ်! မင်း!မင်းအမေကို ထပ်ပြီး သွားတွေ့ပြန်ပြီလား"

ဂျောင်ကုက သက်ပြင်းချရင်း ခေါင်းငြိမ့်သည်။

"Ashi အရူးကောင် အဲ့ဒီကို မသွားပါနဲ့လို ဘယ်နှစ်ခါပြောရမလဲ။အခု Sunmi နဲ့အဆင်ပြေအောင်လုပ်စမ်း။သူစိတ်ဆိုးနေတယ် မင်းညစာစားဖို့ ဖိတ်ပြီးပြန်ချော့လိုက်"

ဂျောင်ကုသည် မျက်နှာသေဖြင့်။ဦးညွတ်လျက် သူ့ဖခင်အား နူတ်ဆက်သည်။နောက်နားဆီမှ ဖခင်၏ကျိန်ဆဲသံတစ်ချို့အား ကြားလိုက်ရပါသေး၏။တဒဂ်အတွင်းပျက်ယွင်းသွားသည့် မျက်နှာအား ပြင်သည်။မည်သို့ဆိုစေ နာကျင်ခြင်းအငွေ့အသက်ကိုတော့ ဖုံးဖိထား၍မရ။

ဒါသည် တစ်ပါးသူမမြင်နိုင်သည့် တခြားတစ်ဖက်။ဤအခြမ်းအား ဖုံးကွယ်ထားခဲ့သည်မှာ မည်မျှရှိပြီလဲ..?သူမသိပြီ။

-----------------

"Hello Jungkook Sir"

"အင်း Hwan"

"Sir ကျေးဇူးပြုပြီး ကုမ္ပဏီကို လာခဲ့ပေးပါလား"

"အချိန်စောသေးတာကို ဘာလို့လဲ"

"Sir please အရေးကြီးလို့ပါ"

"အိုကေ အခုလာခဲ့မယ်"

6:45 AM..

Jungkook ကုမ္ပဏီသို့ ရောက်သည်နှင့် ဌာနအားလုံး၏ အကြီးအကဲတို့က တစ်စုံတစ်ခုကို အလေးအနက် ဆွေးနေကြပြီ။သူအထဲကို၀င်တော့

"Thank God.. Sir Good Mo-"

"ဘာဖြစ်တာလဲ"

သူကလိုရင်းကို မေးသည်။

"Sir,um.."

Hwan ကပြောရမှာ တွန့်ဆုတ်နေပုံရ၍ တခြားတစ်ဦးက ၀င်ပြောလာ၏။

"Sir, ကျွန်တော်တို့ Monday မှာဆွေးနွေးခဲ့တဲ့ Malls & Airline project အခိုးခံလိုက်ရတယ်။ခိုးတဲ့သူက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ D'sousa group ကပါ"

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now