အပိုင်း ၃၇

843 136 22
                                    

Unicode

One foot on the ground, other in grave.

~~~~

ဆော့ဂျင်သည် မိမိ၏အိပ်ယာထက် လဲလျောင်းနေမိသည်။လည်ချောင်းတစ်ခုလုံးက ခြောက်ကပ်ပြီး နာကျင်နေသော်ငြား ထိုနာကျင်မှုအပေါ် အာရုံစိုက်ရန် မစွမ်းသာ။‌ဦးခေါင်းတစ်ခုလုံးက တဒုန်းဒုန်း ထိုးကိုက်နေသည်။ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကျိုးကြေမတက် ကိုက်ခဲနေပါ၏။ရက်ပေါင်းများစွာ အိပ်စက်‌နေသည့် မျက်လုံးတို့က နီရဲပြီး ကြောင်ကြောင်တောင်တောင် ဆန်စွာ ရှိနေသည်။၀မ်းဗိုက်တစ်ခုလုံးက အူနံရံများ ပွတ်တိုက်မှုကြောင့် အောင့်နေသည်။အစာမရှိသည်‌ကြောင့် မူးမော်နေသော်လည်း သူ့၌ အစားစာချင်စိတ် နည်းနည်းမျှပင် ရှိမနေ။သူက အခု အဆုံးသတ်ကို စောင့်မျှော်နေခြင်း သက်သက်။

ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေပြီး နှလုံးအိမ်မှ ခုန်ပေါက်လှုပ်ရှားမှုသည်လည်း နှေးကွေးနေချေပြီ။ဤ‌နာကျင်မှုမှ ကင်းဝေးချင်သည်။သို့သော် ကံစေရာ က ရသည့် သူ့အဖို့ ဤအရာသည် ထာ၀ရ ခံစားရမည့် အပြစ်ဒဏ်တစ်ခု။

ဖုန်းမှ နာရီကို ကြည့်ရန် ဆော့ဂျင် ကိုယ်ကို တစ်ပတ်လှည့်သည်။

အချိန်တွေက ငါ့ဘက်မှာ မရှိပဲ ငါဘာလုပ်ဖို့ နာရီ ကြည့်နေရဦးလဲ။

ထိုအတွေးက သူ့စိတ်အစုံကို နစ်မွန်းစေသည်။

ခြောက်သွေ့နေသည့် ပါးပြင်က တစ်ဖန် စိုစွတ်လာပြီ။ဖုန်းစခရင်မှ laptop ဆီအာရုံ စူးစိုက်နေသည့် ဂျောင်ကုပုံ‌လေးကို ငေးကြည့်မိသည်။ယခုပုံသည် training နေ့များတွင်း ရိုက်ယူထားခဲ့ခြင်း။ဆော့ဂျင်အတွက် အလုပ်ကို အာရုံ အပြည့်အ၀ စူးစိုက်နေသည့် ဂျောင်ကုက ဆွဲဆောင်မှု အရှိဆုံးဖြစ်သည်။

ထိုနေ့ရက်များက ယခုကဲ့သို့နှင့် အတိတ်ဖြစ်ရပ်သို့ မဟုတ်ပဲ ဂျောင်ကုကို ‌အမြဲမြင်ခွင့်ရခဲ့သည့် နေရက်များ ဖြစ်သည်။ထိုရက်များက ဆော့ဂျင်အတွက် တိုတောင်းလှသည့် သူ့ဘ၀ကို လှပသော ရက်များ အဆစ် ပေါင်းထည့်ပေးပုံပင်။

ဂျောင်ကုကြောင့် နာကျင်ခဲ့ရသည့် လက်ကလေးကို မြှောက်ကြည့်သည်။ထိုနာကျင်မှု ပြီးသည့်နောက် ဂျောင်ကုထံမှ အထိအတွေ့ သေးသေးလေး ရခဲ့ဖူးသည်။သူ့နှလုံးသားက အေးခဲနေသည်။သို့သော် ထိုအထိအတွေ့လေးက ဆော့ဂျင်ကိုဖြင့် နွေးထွေးစေခဲ့သည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now