အပိုင်း ၇

883 156 11
                                    

Unicode

ဒါက သူထင်ထားသလောက်လည်း မဆိုးရွားပါဘူး..

ဂျောင်ကုနှင့် တစ်နေ့တာကုန်ဆုံးပြီးသည်နှင့် ပေါ်လာသည့် ဆော့ဂျင်၏အတွေး။အရာအားလုံးသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာမည်ဟု ခံစားမိသည်။ထိုရယ်သံ,ထိုသို့သော နီးကပ်မှု။အားလုံးသည် ဆန္ဒတို့ပြည့်၀စေဖို့  ပထမခြေလှမ်းဟု ထင်သည်။

သို့ပေမယ့်လည်း..ဆန္ဒရှိတိုင်း ပြည့်၀သည်တော့လည်း မဟုတ်ပါ။

Sunday ပိတ်ရက်တစ်နေ့လုံးအား အချိန်ဖြုန်းသည်။Monday ၌ဂျောင်ကုနှင့်အတူ နှစ်ဦးတည်း ရှိ‌နေရမည့်အဖြစ်ကို သူသည်ကြိုပြီး စိတ်လှုပ်ရှားနေ၏။

သို့သော် ထိုနေ့၌ ဆော့ဂျင်ကံမကောင်း။ဂျောင်ကုသည် သူ၏စီးပွားရေး ပါတနာတို့နှင့် meeting ၌ရှိနေသည်။ထိုအရာသည် ဆော့ဂျင်အတွက် ဆိုးရွားလှသည်။တစ်နေ့လုံးအား ဂျောင်ကုနှင့် မတွေ့ပါပဲ ကုန်ဆုံးရခြင်းက ဆော့ဂျင်အတွက်တော့ အလွန်တရာကို ဆိုးရွားသည့် ကိစ္စ။သူ့၌ ရှင်သန်ခြင်းက အချိန်အကန့်အသတ်နှင့် မဟုတ်ပါလား။

Tuesday သည်မျှော်လင့်ချက် ရောင်ခြည်ဟု တွေးသည်။သို့သော်ငြား ဂျောင်ကုသည် ဂျပန်ရှိမိတ်ဆွေတစ်ဦး၏ ပါတီသို့ သွား‌နေရပြန်သည်။သုံးရက်လုံးသည် တိုးတက်မှုတစ်စုံတစ်ရာ မရှိပဲ ကုန်ဆုံးခဲ့သည်။ဆော့ဂျင်၌ ငိုရုံမှလွဲ မတက်နိုင်။

Hobi သည်မိမိကိုယ်၌ စိတ်ပျက်သွား၏။ဆော့ဂျင်အား ကူညီရန် လိုက်ပါလာခဲ့သော်လည်း သူသည် ယခုများဖြင့် အသုံးမတည့်သည့် အခြေအနေ။ပို၍ဆိုးသည်က ဆော့ဂျင်၏လည်ဆွဲမှ ရတနာတစ်ခုသည် သုံးရက်အတွင်း မှေးမှိန်သွားခဲ့ပြီ။သေခြင်းတရား၏ ပြယုတ်တစ်ခုအား မည်သို့မျှ မတက်နိုင်ပဲ ထိုင်ကြည့်နေရသည့် ဆော့ဂျင်၏ဖြစ်အင်ကို သနားရုံမှလွဲ မတက်နိုင်ပြီ။

ဆော့ဂျင်သည် ငိုခြင်းတစ်ခုသာ အမှီပြုနေသည့် မိမိ၏ဖြစ်အင်ကိုလည်း စိတ်ကုန်မိ၏။သို့ငြား မိမိ၌လည်း မည်သို့မျှ မတက်နိုင်။မိမိ၏ဖြစ်အင်သည် ပြိုအံ့ဆဲဆဲ ကောင်းကင်ထုကို ထီးပျက်နှင့် တားချင်မိသော်လည်း အနှီကောင်းကင်ထုက အရိပ်ပင်မပြသည်မို့။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now