အပိုင်း ၃၃ (A)

828 144 24
                                    

Unicode

‌ရုံးသွားရန် ဂျောင်ကု အသင့်ပြင်သည်။သူ့ကို ခံစားချက်မျိုးစုံ ပေးစွမ်းသည့်နေရာ။ထိုနေရာက ပင်ပန်းသည်။သို့သော် နွေးထွေးမှုလည်းရှိသည်။တွန်းအားပေးခြင်း မလိုလားခြင်း များစွာနှင့် ကြီးပြင်းခဲ့ရာ နေရာ‌ဖြစ်သော်လည်း ထိုနေရာကပင် သူ့အိမ်ဖြစ်သည်။

သူက ဆံပင်ကို ပြည့်စုံအောင်ပြင်ဆင်ရင်း အတွေးတို့ ပျံ့လွင့်နေသည်။

သူခံစားရတဲ့ အရာတွေက ထယ်ယောင်းလို ပျော်ပျော်နေတက်သည့် သူနှင့် စကားပြောရသည့်အတွက် ပေါ့ပါးသွားသည်။ဂျောင်ကု ထယ်‌ယောင်းကို မနာလိုဖြစ်မိသည်။သူက လွတ်လပ်သည့် လူတစ်ဦးဖြစ်တဲ့အပြင် ဖြစ်‌လာသမျှ ပြဿနာအားလုံးကို အပြုံးဖြင့် အကောင်းမြင်ကာ ဖြေရှင်းတက်သည်။ထယ်ယောင်းက မကောင်းတဲ့ဆုံးဖြတ်ချက်အားလုံးကို ‌အကောင်းမြင်ဝါဒနှင့် ပြောင်းလဲ‌နိုင်အောင် စွမ်းဆောင်နိုင်သည်။ဆုံးရှုံးတာထက်တော့ ပိုကောင်းပါတယ် ဆိုတာမျိုးပေါ့။သူ၏ သူငယ်ချင်းလေးဆီမှ သင်ယူစရာအများအပြားကို Jeon သင်ယူရပါဦးမည်။ထယ်က လူတိုင်း ချစ်ကျွမ်း၀င်နိုင်လောက်သည့် လူမျိုးပင်။

သို့ပေမယ့် သူကတော့အခု တစ်ဦးတည်း ကျန်ခဲ့သည်။အတွေးများက သူ့ကို ခြောက်လှန့်နေသည်။ဤဖြစ်ရပ်တွေထဲက သူထွက်ပြေးချင်သည်။သို့ပေမယ့် ခေါင်းမာခြင်းကသာ သူ့ဦးနှောက်ကို စီးမိုးသည်။ဂျောင်ကုအကြောက်အဆုံးအရာသည် ဘာမျှလုပ်စရာ မရှိပဲ တစ်ဦးတည်းကျန်နေခြင်း။ထိုအရာက အမှတ်ရစရာ အဖြစ်တွေကို ပြန်တွေးစေမည်။ဘ၀ကို အဆုံးသတ်ချင်လောက်တဲ့အထိ ကျူးလွန်ခဲ့သည့် နောင်တတရားများကို ပြန်ပြီး တွေးတောစေမည်။ထိုအရာမျိုးကို အဖြစ်မခံချင်။ထို့ကြောင့် သူ့ကိုယ်သူ အလုပ်တွင်း၌သာ နစ်မြုပ်ထားဖြစ်သည်။

နက်ကတိုင်ကို ပြင်ရင်း သူ့ရုပ်သွင်ကို ပြန်ကြည့်သည်။သွယ်လျသည့် မျက်နှာထက် နူတ်ခမ်းဖျားတို့က ဖြူဖျော့နေသည်။မျက်လုံးများက နွမ်းနယ်နေလျက်။မျက်ကွင်းများက ညိုနေသည်။

Seokjin.

စိတ်တွင်းမှ တီးတိုးခေါ်ပြန်သည်။ထိုအမည်ကို သူဘာလုပ်ရမည်နည်း။အရာအားလုံးမှာ အဆုံးသတ်ရှိသည်။ထိုအမည်နှင့်လူက ယခုချိန်ဆို အိမ်၌ရှိနေမည်။ပြီးလျှင် အလုပ်သစ်အတွက် ဖောင်အသစ်တွေ ဖြည့်နေလောက်ပြီ။ပြီးတော့ သူ...သူကတော့ Choi ဟူသည့်နာမည်ကြီးကုမ္ပဏီမှ စိတ်ရှုပ်စရာ သမီးပျိုနှင့် လက်ထပ်ရတော့မည်။သမီးပျို။သို့သော် မရေမတွက်နိုင်သော dating သတင်းများ ထွက်ရှိနေသူတစ်ဦးနှင့်။ထို Choi နှင့်ပတ်သက်မှုက သူနှင့် ဘာမျှ မဆိုင်‌။သို့သော် သူမငြင်းနိုင်။သူတကယ်ပဲ ဒီလိုနာကျင်မှုမျိုးတွေကို သေသည်အထိ သယ်ဆောင်သွားရမှာလား။ထိုအတွေးက သူ့အနာဂတ်ဆီ မှန်းမျှော်ပြီး မကြည့်ချင်တော့သည်အထိ ခြောက်လန့်နေသည်။သည်ထိတ်လန့်မှုတွေအားလုံးကို တကယ်ပဲ သူသေသည်အထိ ခံစားနေရဦးမည်လား..?

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now