အပိုင်း ၂၉ (M)

1.2K 152 37
                                    

Warning! This whole chapter contain smutty b×b content.If you are not comfortable with this, please skip it.

------------

ဂျောင်ကုက ဆော့ဂျင်ကိုယ်အား အနည်းငယ်ခွာသည်။ပြီးမှ ရင်ဘက်ချင်းအပ်သည်အထိ ဆွဲယူ၏။သူ၏ကော်လံစအား တင်းကြပ်စွာ ဆုတ်ကိုင်ထားသူ ဆော့ဂျင်မှာလည်း နှစ်ဦးကြား လေတိုးသည်ကိုပင် မခံယူလို။ဤနွေးထွေးမှုအား သူလိုအပ်သည်။တခဏပြန်ရသည့် သူ့ဘ၀၌ ချစ်ရသူ၏ ရင်ခွင်တွင်း နွေးထွေးစွာ နေရသည့် ခံစားချက်က ဘယ်လိုဆိုသည်ကို ခံစားဖူးချင်သည်။

ယခုသူလုပ်နေသည့် အရာသည် ကျိုးကြောင်းဆီလျော်၏လော။သူမသိ။သူ၏စိတ်မှာ အလွန်မတည်ငြိမ်။‌ဤအခြေအနေတွင် ဆော့ဂျင်၌ မူးဝေကာ အသိမကပ်။သူ့မှာအနည်းငယ်သော အသိတရားလေးကပ်နေသော်ငြား မရပ်တန့်ချင်။‌ဘေးပတ်လည်ရှိ အရာအားလုံးက တုန့်ဆိုင်းမှုန်ဝါးနေသည်။ဆော့ဂျင်။သူတစ်ဦးတည်းကသာ ဝိုးတဝါးဖြင့် အစစ်အမှန်ဟု ထင်နေရသည်။

ချိတ်ဆက်ထားသည့် နူတ်ခမ်းနှစ်လွှာအား ဖယ်ခွာခြင်းမရှိပဲ ဆော့ဂျင်အား သူကပွေ့ယူသည်။ထိုအခါ ဆော့ဂျင်၏လက်တို့က အလိုအလျောက် သူ့လည်တိုင်ထက် ချိတ်တွယ်လာသည်။ဂျောင်ကုအနေနှင့် ထိုသေးသွယ်သော ဆော့ဂျင်ကိုယ်အား အသာလေးဖြင့် ချီမယူနိုင်သည်။

သူသည် ကြီးမားကျယ်ပြန့်သော မွေ့ယာထက် ဆော့ဂျင်ကို အသာအယာချသည်။အနမ်းတို့အားမူ မပြတ်သေး။ထိုသေးသွယ်သော ကိုယ်ငယ်အား အုပ်မိုးလျှက် ပူလောင်ပြင်းရှသည့် အနမ်းတို့အား ထပ်မံ၍ ပုံဖော်သည်။

သွယ်ဆင်းသည့် ဆော့ဂျင်၏ပေါင်တံတစ်လျှောက် တို့ထိကစားရင်း ရည်ရွယ်ချက်ရှိရှိဖြင့် ဆုတ်ကိုင်လိုက်သည်အခါ ‌‌ထိုကောင်လေးထံမှ ညည်းညူသံက ထွက်သည်။ဂျောင်ကုသည် ထိုအခွင့်အရေးအား အလွတ်မပေး။ပွင့်ဟလာသည့် နူတ်ခမ်းသားအတွင်း လျှာဖျားတိုး၀င်ပြီး ဘယ်ရီနှင့် alcohol ရောနှောသည့် အရသာတစ်ခုအား မက်မက်မောမော သုံးဆောင်သည်။နှာ၀ဆီ အလျင်မပြတ်လာရိုက်ခတ်သည့် ကိုယ်နံ့သင်းသင်းက သူ့အားအဆုံးထိသော ရမ္မက်တစ်ခုထံ တွန်းပို့နေပြန်သည်။

ဆော့ဂျင်ထံမှ ထွက်အံသည့် အသံတစ်ချို့က သာယာဖွယ်ကောင်းသည်ကြောင့် ထိုအသံတို့အား ပိုမိုကာ တောင့်တလာမိသည်။သူသည် ‌အလုံးစုံမှေးမှိတ်ထားသည်မဟုတ်ပဲ လေးလံသည့် ဆော့ဂျင်၏ မျက်လုံးအိမ်တို့အား မော်ကြည့်သည်။လေးလံသည့် အသံရှူသံနှင့် နိမ့်ချည်မြင့်ချည် ဖြစ်သည့်ရင်ဘက်။မျက်ရည်တို့ဖြင့် တလက်လက်ဖြစ်နေသည့် မျက်လုံးကြည်ကြည်တို့နှင့်တကွ တစ်ကိုယ်လုံးကို ခြုံကြည့်မိသည့်အခါ ဂျောင်ကုတစ်ကိုယ်လုံးမှာ ဆောက်တည်ရာမရသည့် ခံစားချက်တို့ တရိပ်ရိပ်တိုးလာသည်။တခါမှ မမြင်ဖူးသေးသည့် သူ့အတွင်းရေးမှူးလေး၏ ဤပုံရိပ်က သူ့အား အင်မတန်လှုပ်ခတ်‌စေသည်ကိုတော့ ဂျောင်ကုမငြင်းဆန်လို။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now