အပိုင်း ၁၃

851 172 47
                                    

"ဒီနေ့က အကောင်းဆုံးနေ့လေး ဖြစ်ရမယ်"

ထယ်ယောင်းက လေးဖင့်စွာ ဆိုရင်းမှ ဂျောင်ကု၏အာရုံကို ရယူရန် စားပွဲပေါ် တစ်ချက်ခေါက်လိုက်၏။အနှီလူငယ်လေးကတော့ သူ့အားအနှောင့်အယှက်ပေးနေသည့် ထယ်ယောင်းကို စိတ်ညစ်ညူးစွာ တစ်ချက်ကြည့်သည်။

"ငါစိတ်မ၀င်ဘူး။မင်းရဲ့အဓိပ္ပါယ်မရှိတဲ့ အကြောင်းတွေကို တခြားတစ်ယောက်ကိုသာ ရှာပြီးပြော။ငါအလုပ်ရှုပ်နေတယ်"

"Aah ဒါကြီးတွေကို ဖယ်စမ်းကွာ"

သူသည် မျက်ထောင့်နီဖြင့် ကြည့်ရှုနေသူအား လစ်လျုရှု၍ လက်တွင်းမှ ဘောပင်ကို ဆွဲယူသည်။

"ငါကမင်းရဲ့ ဟိုးကလေးတည်းက သူငယ်ချင်းဖြစ်ခဲ့တာ။ဆိုးတဲ့အချိန်ရော ကောင်းတဲ့အချိန်ရော အတူရှိနေခဲ့တာပဲလေ။အခု ငါပြောမယ် နားထောင်"

"ငါနားထောင်နေပြီကွာ"

Jungkook ကဘေးရှိဖိုင်ကို ဆွဲယူရင်း ပြောသည်။

"ဒီသတင်းက မင်းအတွက်တော့ မကောင်းနိုင်လောက်ဘူး"

"ဘာလို့ ဒီလိုပြောနိုင်တာလဲ"

"ဒါက မင်းသဘောအကျဆုံး ၀န်ထမ်းလေး ဆော့ဂျင်ရဲ့ အကြောင်းမို့လို့လေ"

"ငါသဘောအကျဆုံး ၀န်ထမ်း.?"

သူက မျက်ခုံးပင့်မြှောက်လျက် ဆိုလာ၏။

"ဆောရီး ဆောရီး ငါသဘောအကျဆုံး ၀န်ထမ်းလို့ ပြောတာပါ။ဒါနဲ့ မနေ့က ဂျီမင်းနဲ့ ဆော့ဂျင်က သူတို့crush အကြောင်းကို ပြောခဲ့တယ်။အားလုံးကို ချုပ်ပြီးပြောမယ်ဆိုရင်လေ ဆော့ဂျင်က ငါ့ကိုကြိုက်နေတာ!"

သူက လက်ညိုးဖြင့် သူ၏ရင်ဘက်ကို ညွှန်ပြရင်း စိတ်လှုပ်ရှားဖွယ် ပြောလာသည်။

"မင်းယုံနိုင်လား။အဲ့လိုလူချောလေးတစ်ဦးက ငါ့ရှေ့မှာဆို မဝံ့မရဲဖြစ်နေတက်တာ။အင်းပေါ့လေ သူ့ကိုအပြစ်တင်လို့တော့ မရဘူးပေါ့။ငါ့ရဲ့မျက်နှာ၊ မျက်လုံး အသံဒါတွေအားလုံးက အချောလေးတွေအကုန် ကြွေဆင်းနိုင်လောက်တယ်လေ"

သူသည် ဆိုရင်းမှ ဂုဏ်ယူ၀င့်ကြွားဟန် မေး‌ကိုပွတ်သပ်သည်။Jungkook ကဟက်ကနဲ တစ်ချက်ရင်း

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now