အပိုင်း ၂၇

771 134 17
                                    

Unicode

"ကျွန်တော် ထပ်လိုချင်တယ်"

အက်ရှရှအသံ။ပြီးသည်နှင့် ထိုအရက်ကို မုန်းလှပါရဲ့ ဆိုသူကောင်လေးသည် လေးခွက်ကို တစ်ကျိုက်တည်းပင် သောက်တော့သည်။သူ၏ alcohol ခံနိုင်ရည်အားကတော့ တဖြည်းဖြည်းဖြင့် အဝေးသို့ လွင့်မျောကုန်လေပြီ။ငိုက်ကျနေသည့် မျက်လုံးအိမ်နှင့် နားရွက်ဖျား ပါးပြင် လည်ပင်းတစ်ဝိုက်အပြင် နှာဖျားတို့ကပါ အနီရင့်ရင့် ပြောင်းလဲနေခဲ့ပြီ။အရက်၏ အကျိူးသက်ရောက်မှုအား ချက်ချင်းပင် ခံနေရသူကို ဂျောင်ကုကကြည့်သည်။

"သူ(မ)က ဘယ်သူလဲ"

ရုတ်တရက် ဆော့ဂျင်၏အမေး။သူသည် မေးပြီးကာမှ မည်သို့သော အစွမ်းသတိများရ၍ ထိုအမေး မေးရဲသည်ကို ‌ပြန်တွေးဖြစ်၏။ဂျောင်ကု သူသည် ဆော့ဂျင်အား စေ့စေ့ကြည့်လာ၏။မိမိအသံပါမက မျက်နှာ၌ပါ သ၀န်တိုမှုဟူသည့် သဲလွန်စကြီးကြီးအား ဖုံးကွယ်ထားရန် မစွမ်းသာ‌။ဂျောင်ကုကိုယ်၌လည်း ‌သူထံမှ ထိုအမေး ထွက်လာခြင်းကို မယုံနိုင်ဟန်။

"စီးပွားရေးကို England University မှာလေ့လာတုန်းက သိခဲ့တာ"

ထိုမျှနှင့် Jeon စကားက မပြီးခဲ့။သူသည် ဆော့ဂျင်၏ အမေးကို ပိုမိုပြည့်စုံစွာ ‌ဖြေသည်။

"ပြီးတော့ သူမက ငါ့ရဲ့ fuck buddy ပဲ"

သူသည် တခဏရပ်ရင်း မှောင်မှိုင်းသွားသည့် ကောင်လေးကို ကြည့်သည်။မျက်လုံးတို့က ဝိုင်းစက်သွားပြီး နူတ်ခမ်းဖူးလေးကပါ အံ့ဩမှုကြောင့် ပွင့်ဟနေ၏။ထိုကောင်လေးထံသို့ အကြည့်ကို ဂျောင်ကုသိမ်းရင်း လက်တွင်းမှ ခွက်ကို ပြန်ကြည့်သည်။ကျန်နေသည်အား မော့ချပြီး နေရာမှ ထသည်။

"ထ..အခန်းကို ပြန်သွားရအောင်"

သူသည် ဆိုရင်းမှ ဆော့ဂျင်ထံ လက်လှမ်းသည်။သို့သော် သူ၏လက်ကို ရှောင်ဖယ်ပြီး ဆော့ဂျင်က နောက်ဆုတ်သွား၏။

"ကျွန်တော် ထပ်ပြီး သောက်ချင်သေးတယ်"

တိုးလျလျဖြင့် ထွက်လာသည့် အသံကြောင့် ဂျောင်ကုမျက်မှောင်ကြုတ်သွားသည်။

"မင်းကိုယ်မင်း ပြန်ကြည့်ပြီးပြီလား။နောက်နှစ်ခွက်လောက်ဆို မင်းမေ့သွားတော့မှာ။လာပါ ပြန်ရအောင်"

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now