အပိုင်း ၃

978 160 14
                                    

Unicode

သက်ပြင်းကို အကြိမ်ကြိမ်ချရင်းမှ စိတ်တွင်းရှိ စိုးရွံ့မှုတို့ အလျင်းပျောက်ကွယ် ‌စေရန်ကြိုးစား၏။ဖုန်းမျက်နှာပြင်သို့ နောက်ဆုံးတစ်ကြိမ် ပြန်ကြည့်သည်။သေသပ်သည့် ရုပ်ပုံတွင် ပြေပြစ်သည့် အပြုံးတစ်ခုကိုပါ တပ်ဆင်လိုက်၏။

Hobi ၏ကိုယ်တခြမ်းသည် နံရံဘက်မှ တိုးလို့တန်းလန်း ထွက်လာပြီး

"Yaa ၀င်ခဲ့တော့လေ"

သူကမတိုးမကျယ် အော်ရင်းမှ

"ပြီးတော့လေ သူက အရမ်းချောလွန်းတာပဲ!"

သူသည် လက်သီးလက်မောင်း တန်းရင်းအော်ဟစ်ပြန်၏။ဆော့ဂျင်သည် Hobi ပုံအားကြည့်ပြီး ခေါင်းတခါခါဖြင့် ရယ်မောမိ၏။

"ဂျင် မင်းလုပ်နိုင်တယ်!"

နောက်ဆုံးအကြိမ် အားပေးစကား အဆုံး၌ တံခါးလက်ကိုင်အား ‌လှည့်ဖွင့်လိုက်တော့၏။ပွင့်လာသည့် တံခါး၌ ဂျောင်ကုသည် သူ့အား ကျောခိုင်းလျက်။Drawer တွင်းမှ တစ်စုံတစ်ခုကို ရှာဖွေယူနေ၏။

"Good afternoon Sir"

အသံအား အတက်နိုင်ဆုံး တည်ငြိမ်စေရန်နှင့် မထစ်အစေရန် ထိန်း၍ပြော၏။ယခုသူ၏ဖြစ်အင်သည် မီးခဲပေါ် လမ်းလျှောက်နေသည်နှင့် တူ၏။

"Good afternoon မင်း ငါးမိနစ်နောက်ကျတယ်"

အသံသည် ပုံမှန်တိုင်း အေးစက်မြဲ။အပြုံးတုတစ်ခု ခိုတွဲနိုင်ရန် ကြိုးစားထားသမျှသည် တခဏအတွင်း ပျောက်ကွယ်သွားတော့၏။

"ကျွန်တော်တောင်းပန်တယ် Sir"

သူ၏အသံသည် တိုးတိမ်နေ၏။

"ထိုင်"

စကားလုံးတိုင်းသည် တပြေးတည်းရှိသည့် သံစဉ်တစ်ခုလို ပြတ်သား၏။အနိမ့်အမြင့်မရှိသလို ခံစားမှုတစ်စုံတစ်ရာလည်း မပါ၀င်။

ဆော့ဂျင်သည် သူ၏ရှေ့ရှိ ခုံ၌ ၀င်ထိုင်လိုက်၏။ကြားထဲမှ စားပွဲတစ်လုံး ခြားနေခြင်းက သူ့အားအများကြီး စိတ်သက်သာရာ ရစေ၏။

"ဒါဆို Mr.Kim စလိုက်ကြတာပေါ့"

ဂျောင်ကုသည် သူ၏ရှေ့မှ လူငယ်အားတစ်ချက်ကြည့်သည်။ပြီးမှ သူ၏ခုံတွင် အသာ၀င်ထိုင်လိုက်၏။ကိုယ်အတွင်းမှ အပူလှိုင်းတို့သည် တရိပ်ရိပ်ဖြင့် ပါးပြင်ရှိရာ အထက်သို့ဆန်တက်‌လာနေသည်ကို ဆော့ဂျင်ခံစားနေရသည်။နှလုံးသားသည် ချစ်ရသူအား မြင်တွေ့ရသည့် ကောင်းချီးကြောင့် ငြိမ့်ညောင်းစွာ ကခုန်နေ၏။သို့ပေမယ့် ကြောက်ရွံ့မှုအနည်းငယ်ကတော့ ကျန်ရှိနေသေး၏။သူ၏ရင်အတွင်း၌ မီးပန်းတို့က တဖျောက်ဖျောက် ပေါက်နေသယောင်။အမှတ်မရှိသည့် နှလုံးသားသည်လည်း နာကျင်မှုကို တွန်းလှန်လျက် ထပ်မံပြီး ဤလူ၏ချစ်ခြင်းတစ်ခုအား အငမ်းမရ မျှော်လင့်နေပါသေး၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now