အပိုင်း ၂၁

861 158 46
                                    

..Seokjin POV..

အကယ်၍ ကျွန်တော်တို့နှစ်ဦး လွန်ခဲ့တဲ့ နှစ်ရက်က ‌ပွေ့ဖက်မှုလေးသာ မရှိခဲ့ရင် ဆိုးရွားတဲ့ စိတ်ခံစားမှုအတွက် ကျွန်တော် ငိုနေခဲ့မှာ။နောက်ထပ် ရတနာတစ်ခုက သေသွားခဲ့ပြီလေ။

သူ့အထိအတွေ့။နီးကပ်မှု။ဒါတွေက ကျွန်တော့်နှလုံးသားကို ပွင့်လန်းစေပြီး ပျော်ရွှင်စေတယ်။‌နောက်ရတနာတစ်ခု ဆုံးရှုံးမှုအတွက် ၀မ်းနည်းဖို့ အချိန်ကျွန်တော့်မှာ မရှိ။နောက်တစ်ကြိမ် ထပ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်လာမှာကို ကျွန်တော်တွက်ဆထားသည်။ဒါပေသိ အနည်းဆုံးတော့ အတိတ်မှာမရခဲ့တဲ့ နီးကပ်မှုလေးတွေ ထိတွေ့မှုလေးတွေ ရခဲ့သေးသည်လေ။

သူ့အကြောင်းပြောတာနဲ့ အလိုအလျောက် ကျွန်တော်လွမ်းဆွတ်လာသည်။သူက ကျွန်တော့်စိတ်ထဲ မရှိခဲ့လျှင်တောင် နှလုံးသားကတော့ အမြဲလိုလိုတောင့်တနေသည်မို့။အလုပ်ကိစ္စအတွက် လန်ဒန်ကို သူထွက်သွားတာကြောင့် ကျွန်တော်သူ့ကို မတွေ့ရတာ နှစ်ရက်ရှိပြီ။နှစ်ရက်။နှစ်ရက်ကလေးပါပဲ။သို့‌ပေမယ့် ကျွန်တော့်အတွက်တော့ တစ်ကမ္ဘာလောက် ကြာသလို။

ကျွန်တော် cafe ဆီ သွားဖို့ ကြိုးစားသည်။သို့သော် ရုတ်တရက် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးက အားအင်တို့ ဆုတ်ယုတ်သွားသည်။ထိုအရာက ကျွန်တော့်ကို ယိုင်နဲ့သွားစေသည်။မျက်နှာကို ကြမ်းပြင်နဲ့ မထိခင် တခဏ၌ ကျွန်တော့်ခါးကို တစ်ယောက်ယောက်က ဆုတ်ကိုင်လာ၏။ကျွန်တော် ထိုလူကို ကျေးဇူးအလွန် တင်မိသည်။မဟုတ်လျှင် ကျွန်တော့်ရှေ့သွားနှစ်ချောင်းတော့ တွေးစရာပင်မရှိ။

ထိုလူက ဂျီမင်း။သူက ကျွန်တော့်ကို စိုးထိတ်စွာကြည့်နေပါ၏။

"ဆော့ဂျင် မင်းပုံက ဖြူဖျော့ပြီး အားနည်းနေသလိုပဲ။မင်းအဆင်ပြေရဲ့လား"

ဘာလို့လဲ ကျွန်တော်မသိဘူး။ဒါပေမယ့် အားဆုတ်ယုတ်မှုက ကျွန်တော့်တစ်ကိုယ်လုံးကို ချိနဲ့စေသည်။ထူးဆန်းတယ်။ကျွန်တော် အရင်က ဒီလိုတစ်ခါမှ မဖြစ်ဖူး။ဒါက တကယ် ကျွန်တော့်ကိုယ်ကို ကိုက်ခဲနာကျင်စေသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now