အပိုင်း ၁၄

852 168 23
                                    

Unicode

"ပြန်လုပ်"

သူသည် ဆိုရင်းပင် ဖိုင်တစ်ထပ်ကို စားပွဲပေါ် ပစ်တင်သည်။ဆော့ဂျင်က ချချင်ချင် ဖြစ်နေသည့် သက်ပြင်းရှည်ကြီးအား အလျင်ထိန်းလိုက်ပြီး သူ၏နေရာ၌ပြန်ထိုင်ရင်း အမှားကိုပြင်ဆင်သည်။

နာရီဆီ အမှတ်မထင် ကြည့်လျှင် 6:30 PM ပင်ဖြစ်နေလေပြီ။ပုံမှန်ဆို ဤချိန်တွင် ဂျောင်ကုက သူ့အားရုံးဆင်းခိုင်းပြီဖြစ်သည်။

"မင်းဘာကို ပြန်ပြင်ထားလဲ လာပြ"

‌သူသည် ဖိုင်ထပ်ကို တစ်ဖန်ပြန်ပေးရင်း ဂျောင်ကုရှေ့တွင် မတ်မတ်ရပ်သည်။သူ့အား အလိုမကျသည့် အကြည့်ဖြင့် ဂျောင်ကုက ကြည့်လာ၏။

"ကိုယ့်အမှားတောင် ကိုယ်မမြင်ဘူးလား"

ဤအကြိမ် အသံသည် ပို၍မာထန်လာချေပြီ။မျက်ခုံးရိုး တွန့်ချိုးလျက်ပင် သူသည်ဆော့ဂျင် ရင်ဘက်ဆီ ဖိုင်ကို ပစ်ပေးပြန်သည်။

"ငါ့ရှေ့မှာထိုင်ပြီး နောက်တစ်ကြိမ် ပြန်လုပ်"

ဖိုင်ကို စားပွဲပေါ်တင်ရင်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ဘောပင်ကို ကောက်သည်။သူ၏အားအင်တို့သည် ထိုဘောပင်အား ကောက်ကိုင်ထားဖို့ပင် မစွမ်းသာတော့။

ထိုခဏ ပို၍ဆိုးရွားသည့် အဖြစ်အပျက်တစ်ခုက ဖြစ်လာသေး၏။ထိုအရာမှာ ဂျောင်ကုက သူ့အနောက်ဘက်တွင် ရပ်လာခြင်း။ကိုယ်ကိုငုံ့ကိုင်းထားသည်က သူ၏ရင်ခွင်နွေးနွေး အောက်ဆော့ဂျင်တစ်ကိုယ်လုံးက ‌နစ်မြုပ်သည်အထိ။သူ၏လက်ချောင်းသွယ်သွယ်တို့က ဆော့ဂျင်ကိုယ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ထောက်လျက်။

"လာမယ့် အပတ်မှာ လက်လီရောင်းချမှု အစီအရင်ခံစာကို စစ်ဆေးဖို့ရှိတယ်။ဒါကို မင်းကဒီအမှားတွေနဲ့ ပြမလို့လား ဟမ်"

သူသည် တည်တည်ငြိမ်ငြိမ်ပင် စားပွဲပေါ် လက်ချောင်းထိပ်ကလေးတို့ဖြင့် ဖွဖွခေါက်ရင်းမှ ပြောလာပါ၏။မတည်ငြိမ်နိုင်သူမှာ ဆော့ဂျင်။သူသည် မျက်လုံးမို့မို့တို့ကို မှေးမှိတ်ထားပြီး အသက်ရှုသံတို့က ကစဉ့်ကလျား ဖြစ်လျက်။နားရွက်ဖျားဆီ ဖြတ်တိုက်သွားသည့် အသံအေးအေးကလည်း သူ့စိတ်အစဉ်အား လှုပ်ခတ်စေပါသေးသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now