အပိုင်း ၃၉

1.1K 145 23
                                    

Unicode

အခု ကျွန်တော် ရှင်သန်ရမယ့် အချိန်ကို ရောက်ပြီ။ဒုက္ခတွေအများကြီး ရောက်ခဲ့တယ်။ဒါပေမယ့် မိုးမုန်တိုင်းပြီးတဲ့နောက်တော့ ပန်းတွေပွင့်လန်းလာခဲ့တယ်။

အိပ်မက်တွေမှာပဲ ပွင့်လန်းခဲ့တဲ့ အချစ်ပန်းလေးက အပြင်မှာ တကယ်ပွင့်လန်းလာခဲ့ပြီ။

"ကျွန်တော့်မှာ ဘ၀ဆိုတဲ့ ရှင်သန်မှုလေးရှိလာလိမ့်မယ်။ဂျောင်ကုကို လက်ထပ်ရတဲ့အခါ နေ့ရက်တိုင်းက ပျော်စရာဖြစ်မယ်။လှပတဲ့ ကလေးငယ်လေးတွေရဲ့ ကြီးပြင်းလာမှုကို ဂျောင်ကုနဲ့ အတူကြည့်ရခြင်းကလည်း ပျော်ရွှင်ရမှာပဲ။ကျွန်တော့်နှလုံးခုန်နူန်း ရပ်တန့်တဲ့အထိ ဂျောင်ကုနဲ့ အတူရှိနေရမှာကလည်း ပျော်စရာလို့ပဲ ခေါ်ရမှာ။သူနဲ့အတူ နိုးထမယ် ပြီးရင် မျက်လုံးတွေ မှိတ်သွားတဲ့အထိ သူ့ကိုပဲ ကြည့်မယ်။နောင်တရစေမယ့် နာကျင်မှုတွေ မပါပဲ သူ့ကို ပွေ့ဖက်မယ်။သူမပြောပြဖြစ်တဲ့ စကားတွေအထိ ကျွန်တော့်နှလုံးသားနဲ့ ကြားအောင်နားထောင်မယ်။အသက်တစ်ခါရူတိုင်း သူ့အတွက်ရယ်လို့ ရည်ရွယ်ပြီး လှပတဲ့ အမှတ်ရစရာတွေကို ဖန်တီးပေးမယ်။အခုတော့ ကျွန်တော်တို့က တစ်ဦးအတွက် တစ်ဦးတည်ရှိနေကြပြီ"

ဆော့ဂျင်က တောက်တောက်ပပလေး ပြုံးသည်။

သို့သော် ထိုအပြုံးက ခံစားနေရသည့် ထူးဆန်းမှုကြောင့် ချက်ချင်း ပျောက်ဆုံးသွားပြန်သည်။

"ဒါပေမယ့် ကျွန်တော့်ဆုတောင်းတွေ ပြည့်နေပြီးတာတောင်--ပြည့်နေပြီးတာတောင် ကျွန်တော်ဘာလို့ အရင်အတိုင်း နုံးချိနွမ်းနယ် နေရတာလဲ။ဒါက သေဆုံးခါနီး ဖြစ်ခဲ့တဲ့ အားနည်းမှုတစ်ခုလား.?"

"ကျွန်တော် ကြောက်တယ်"

ဆော့ဂျင် ရင်အတွင်းမှ နှလုံးသားသည် အက်ကွဲသွား၏။ဂျောင်ကုပွေ့ဖက်မှု အောက်၌ ထိုနာကျင်မှုကြောင့် သူညီးသည်။

ရင်ခွင်အတွင်းမှ ကောင်လေး၏ လှုပ်ရှားမှုကြောင့် သိမ်းဖက်ထားသည့် လက်ကို လွှတ်သည်။ထိုကောင်လေး နာကျင်နေမှာကို သူမလိုလားပါ။ဆော့ဂျင်က တုန်ယင်သည့် လက်ဖြင့် ရင်ဘက်ကို ဖိချေနေပြီး မျက်ရည်များ ကျနေသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now