အပိုင်း ၃၈

1K 143 36
                                    

Unicode

အချိန်တွေက ကိုယ်တို့ဘက်မှာ မရှိခဲ့ဘူး။မင်းက ကိုယ့်ဆီလာတဲ့အခါ ကိုယ်ကမင်းဆီက ပြေးတယ်။ကိုယ်ပြန်လာတဲ့အခါကျ အရမ်းနောက်ကျနေခဲ့ပြီ။မင်းက သွားနှင့်ခဲ့ပြီ...

Enough of this hide and seek..

ဂျောင်ကုသည် မြင်ကွင်းရှေ့မှ သုသာန်ဟောင်းကို ကြည့်ပြီး သက်ပြင်းချသည်။ဤသုသာန်သည် ဆိုးလ်နှင့် အနည်းငယ်ကွာဝေးသော မြို့ငယ်လေးတွင် ရှိသည်။အိပ်မက်ထဲတွင်သာ ရှိသည်ဟု ထင်မှတ်ထားသည့် နေရာတစ်ခုက သူ့ရှေ့တွင် ခြောက်ခြားဖွယ် တည်ရှိနေလေပြီ။

လက်ချောင်းများကို ချိုးပြီး ဆွေးမြည့်နေသည့် ဂိတ်တံခါးကို တွန်းဖွင့်သည်။သချိုင်းမြေပုံတို့က တစ်ဖက်တစ်ချက်စီတွင် လဲလျောင်းနေရာယူနေကြသည်။‌ဂျောင်ကု ကြက်သီးထသည်။ဤနေရာမျိုး သူတစ်ခါမှ မရောက်ဖူး။အေးစက်နေသည့် ရာသီဉတုနှင့် ဖားကောင်ငယ်များက သူ့ရှေ့တွင် လူးလားနေသည်။

တခဏသာ ကြည့်ပြီး ရှေ့ဆက်လျှောက်သည်။သို့သော် ရပ်တန့်လိုက်၏။

ငိုသံကို ငါကြားလိုက်တာလား.?

တစ်ဦးတည်း အထီးကျန်ဆန်စွာဖြင့်။ဆော့ဂျင်က ထိုထိုင်ခုံဟောင်းလေးမှာ ထိုင်နေသည်။ဟိုဆော့ကို တွေ့ခဲ့သည့်နေရာ။ပြီးလျှင် အရာအားလုံး စတင်ခဲ့သည့် နေရာ။ပေါင်းပင်တို့ ရှည်လျားစွာ ရှိနေသည့် သူ့ရှေ့မှ မြေကြီးကို ကြည့်သည်။ထိုနေရာလေးက သူ့၏ အုတ်ဂူမြေပုံ တည်ရှိမည့် နေရာလေးပင်။သူထပ်ပြီး မငိုချင်တော့ဘူး။ထို့ကြောင့် ဂျောင်ကုနှင့် အတူ ပျော်ဖူးခဲ့သည့် အမှတ်ရစရာများကို ပြန်ပြီး တွေးသည်။

ကျွန်တော်မှားခဲ့တယ်။ဒီအတွေးလေးက ကောင်းမွန်တဲ့ အရာလေး ပေးစွမ်း‌မယ်လို့ ထင်ခဲ့ပေမယ့် ဒါက ပိုပြီး နာကျင်ရတယ်..

ခေါင်းငုံ့ပြီး သူငိုသည်။

ဒီတစ်နေရာတည်းမှာပဲ ကျွန်တော်နဲ့ အဝေးဆုံးမှာ ရှိတဲ့ မင်းအကြောင်းကို ကျွန်တော့်နှလုံးသားတစ်ခုလုံးနဲ့ ပြန်တွေးမယ်..

ထိုခဏ သစ်ရွက်ခြောက်တို့ကို ဖိနင်းလာသည့် ခြေသံက ဆော့ဂျင်ကို နှောင့်ယှက်သည်။မျက်ရည်များကို သုတ်ပြီး သူမျှော်လင့်သည့် လူများလား ဟူသည့် အတွေးဖြင့် မော့်ကြည့်သည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now