အပိုင်း ၂၂

824 153 29
                                    

Unicode

"ငါမင်းကို လက်မထပ်နိုင်ဘူး"

"ရှင်ကျွန်မကို  လက်မထပ်ချင်လို့ မရဘူး။ကျွန်မတို့ အဖေတွေက သဘောတူညီမှု လုပ်ထားပြီးသား"

"ငါဂရုမစိုက်ဘူး! companies ကိုရဖို့ ငါ့ကိုငါးစာအဖြစ် Dad အသုံးပြုနေတာကို ခံမယ်လို့ ထင်နေတာလား"

သူ၏အသံသည် မြိုသိပ်ခဲ့ရသည့် ဒေါသအဟုန်ကြောင့် ပြင်းထန်၏။စဦးတည်းက ဤစကားတို့ မပြောခဲ့ခြင်းအား သူအလွန်နောင်တရမိပါ၏။

"ရှင်ကျွန်မကို လက်မထပ်ချင်ဘူးပေါ့။ရတယ်လေ ဒီလိုဆို ရှင့်အမေကို အဆုံးသတ်ပေးရုံပေါ့။ရှင်က ရှင်ရဲ့အဖေကိုတော့ ဂရုမစိုက်ဘူး။ဒါပေမယ့် ရှင့်အမေဆိုရင်ရော..ဟက်?"

သူက အသက်ကို ပြင်းပြင်းရှုသည်။ဒါပေါ့။နာကျင်မှု ရောစွက်သည့် သက်ပြင်းချခြင်းမျိုးနှင့်။သူ့အား ဤအမျိုးသမီးက အကြပ်ကိုင်နေချေပြီ။

ရှင်းလင်းနေသည့် လမ်းမထက် တစ်ဦးတည်း ခြေဦးတည့်ရာသို့ လျှောက်သည်။ဖုန်းမျက်နှာပြင်ထက် နံပါတ်တချို့ကို ရိုက်နှိပ်ပြီး တွန့်ဆုတ်စွာ ဖုန်းခေါ်ဖို့ ကြိုးစားသည်။သို့ပေမယ့် ထိုနံပါတ်လေး၏ သက်ဆိုင်သူထံ ဖုန်းမ၀င်ခင် အ၀င်ကောတစ်ခုက နှောင့်ယှက်လာ၏။

"Hello.."

"Jk သူ--သူ သတ်သေသွားပြီ"

ထိုစကားအဆုံး အားလုံး မှောင်အတိကျသည်။နာကျင်ရသည်။ရင်အတွင်း အမည်တပ်မရသည့် နာကျင်မှုကြီးတစ်ခုက သူ့အား ဝါးမြိုနေပါ၏။


ဦးခေါင်းအား ပြင်းပြင်းထန်ထန် ခါယမ်းကာ ငြင်းဆန်သည်။သူ၏လက်တို့သည် လေပေါ်သို့ မြှောက်တက်လာပြီးနောက် အိပ်မက်မှ လန့်နိုးလာတော့သည်။ချွေးစေးတို့နှင့် တစ်ကိုယ်လုံး စိုစွက်နေပြီး မျက်၀န်းအိမ်၌ မျက်ရည်တို့က ကျဆင်းလျက်။သူဘယ်တုန်းကမျှ ဤသို့သော အိပ်မက်မျိုး မမက်ခဲ့ဖူး။ အလွန်အမင်း လျင်မြန်စွာ ခုန်လှုပ်နေသည့် နှလုံးအိမ်ကြောင့် သူ့မှာ အသက်ရူမှုတို့ ရပ်လုလု။

ငါဘယ်တုန်းကမှ ဒီလိုအိပ်မက်မျိုး မမက်ဖူးဘူး။ဒါကြီးက အိပ်မက်ရော ဟုတ်ရဲ့လား။ဘာလို့များ ဒီလောက်ကြီးထိ နာကျင်နေရတာလဲ.?

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now