အပိုင်း ၃၂

808 131 4
                                    

Unicode

"ကျွန်တော် အမှားတစ်ခုခုများ လုပ်..လုပ်မိလို့လား Sir"

လက်ကိုတင်းတင်းဆုတ်ထားသည့် လက်ချောင်းတို့က လက်ဖဝါးတွင်း နစ်၀င်နေလောက်ပြီ။သူအခုချိန်မှာ မပြိုလဲဖို့ အတက်နိုင်ဆုံး ထိန်းချုပ်သည်။နာကျင်လွန်းသည့် ခံစားချက်။မကြာခဏ ဖြစ်ဖူးသည့် ခံစားချက်ဖြစ်နေသော်လည်း အသားမကျသည့်သူ့အဖို့ ထိုခံစားချက်က တစ်ကိုယ်လုံးကို အားအင်ချိနဲ့‌သည်အထိ ဝါးမြိုနေချေပြီ။သို့ပေမယ့် သူသည် ဟန်မပျက် ရပ်နေမြဲ။

လေးလံလွန်းသည့် မျက်ခွံတို့ပင့်မြှောက်ရင်း အဖြေမရှိသည့် ဂျောင်ကုကို ကြည့်သည်။ဖြေရန်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက် ရှိဟန်မတူ။

"Sir"

‌တည်ငြိမ်စွာ ခေါ်သည်။ဂျောင်ကုက သူ့ကိုမော့ကြည့်သည်။လှုပ်ရှားသွားသည့် လည်စလုတ် ထင်းထင်းကြောင့် ဂျောင်ကု၌လည်း ခက်ခဲနေမှန်း သိလိုက်ရသည်။

"ကျွန်တော့်ကို အလုပ်ထုတ်ဖို့ Sir မှာအကြောင်းပြချက်မရှိဘူးနဲ့ တူတယ်"

သူကဆိုရင်း ပြုံးသည်။ထိုအပြုံးသည် ခံစားချက်မဲ့  ဗလာသက်သက်သာ။ဂျောင်ကုမှာ အကြောင်းပြချက်တွေကို မစဉ်းစားချင်တော့။သူသည် ထိုနာကျင်နေသော ကောင်လေးကိုသာ ကြည့်နေမိသည်။

အနည်းဆုံးတော့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်မဟုတ်သည့် အကြောင်းတစ်ခုခုကို သူစဉ်းစားထားခဲ့သင့်တာ။သို့မှ ဆော့ဂျင်ခံစားရ သက်သာမည်မဟုတ်ပါလော။သူ professional ကျသင့်သည်။

"သူငါ့ကို မချစ်ခဲ့ဘူးပဲ။ငါတို့နှစ်ယောက်ကြား ဖြစ်ခဲ့တဲ့ ကိစ္စကို သူကနောင်တ‌ရနေတာ။သူနဲ့အတူရှိနေရတာက ငါ့အတွက် ကောင်းမွန်တဲ့ ကုသခြင်းလေး ဖြစ်‌ပေမယ့် သူကတော့ အမှားတစ်ခုလို့ တွေးခဲ့တယ်။ပြီးတော့ ဒါက အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။ငါ့ကို ဒီကုမ္ပဏီက ထွက်သွားစေချင်တယ်။ဒါမှမဟုတ် သူ့ဘ၀ထဲက ထွက်သွားစေချင်တာလို့ ပြောရင် ပိုမှန်မလား။အခု ဘယ်လို နာကျင်စေမယ့် အဖြေမျိုးကို ငါတောင်းဆိုရမလဲ။ဒီအတွက်နဲ့ မနာကျင်စေနဲ့တော့ဂျင်။ဒီလိုမှ မဟုတ်ရင် မင်းကိုယ်မင်း ပိုပြီး နာကျင်အောင် လုပ်တော့မှာလား ဂျင်.?ငါ့အတွက် ပေးခဲ့တဲ့ miracle လေးတစ်ခုက ငါလိုလူအတွက် မထိုက်တန်ဘူးထင်တယ်။ငါတောင်းပန်ပါတယ်။ဒါပေမယ့် ငါအရှုံးပေးလိုက်ပြီ"

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now