အပိုင်း ၃၅

791 130 11
                                    

Unicode

"Hello JK.."

"Hm,Tae.."

ယခုချိန် သူ၏မိခင် အဘယ်မှာ ရှိမည်နည်း ဟူသည့် စိတ်ဇောသာ ကပ်နေသည်မို့ ထယ်ကို ဖြေသည့် အသံသည် လျော့ရဲနေသည်။သူမ သွားတက်သည့် နေရာအားလုံးကို စဉ်းစားပြီး လိုက်သွားသည်။သို့သော် သူမကို ရှာမတွေ့။

"နားထောင်ဦး Taeyeon Aunt ငါ့ကိုဖုန်းဆက်တယ်"

အလျင်အမြန် ပြောလာသည့် Taehyung စကားက သူ့အာရုံကို ဖမ်းစားသည်။

"ဆော့ဂျင်ကို မင်းအလုပ်ဖြုတ်တာနဲ့ ပတ်သက်ပြီး ငါ့ကိုမေးတယ်"

ဂျောင်ကုက ကိုယ်ကိုမတ်သည်။

"မင်းဘာပြောလိုက်လဲ"

"ဒါပေါ့ ငါမလိမ်လိုက်ဘူးလေ။မင်းက သူ့ကိုတကယ် အလုပ်ဖြုတ်လိုက်တာလို့ ပြောလိုက်တယ်"

ထယ်ယောင်းက ပြတ်သားစွာ ပြောသည်။ရက်စက်သည့် ဖခင်ဖြစ်သူ စကားကို ဆန့်ကျင်ခြင်းမရှိ လက်ခံတက်သည့် ဂျောင်ကုကို သူမုန်းပါသည်။JK သည် ဖခင်စကားများကို ဘုရားရှင်စကားများအလား တသွေဝေမတိမ်း လိုက်နာလုပ်ဆောင် တက်သည်။

ဂျောင်ကု သက်ပြင်းချသည်။ထယ်ယောင်း လိမ်ပြီး ပြောလိုက်မှာကိုလည်း မလိုလားပါ။တကယ်လည်း ထိုကိစ္စကို အမှန်အတိုင်းသာ ပြောစေချင်သည်။သူအမှားလုပ်ခဲ့မိသည်။ထိုအမှားကို ဖုံးကွယ်ဖို့ မလိုအပ်။

"Sunmi နဲ့စေ့စပ်ပွဲ အကြောင်းကိုတောင် သူမေးနေသေးတယ်"

"ဘာ!?__သူက အဲ့ဒီအကြောင်းပါ မေး‌သွားတာလား"

မယုံနိုင်ဟန်ဖြင့် သူမေးသည်။

"အင်း ဟုတ်တယ်။ပြီးတော့ သူ့အသံက တော်တော် ဒေါသထွက်နေပုံပဲ။JK မင်းဒီထက်ပိုပြီး လျိုဝှက်မထားသင့်တော့ဘူး။မင်းအမေကို ဘာမှမပြောပဲ မင်းက တစ်စုံတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် တကယ်ကို စိတ်ဆိုးစရာပဲလေ"

"ငါဒါကို ပြောပြဖို့ အချိန်ယူနေတာ။ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် ငါမပြောဖြစ်ခဲ့ဘူး။ငါနောက်ကျသွားပြီ ထင်တယ်။ဒါပေမယ့် ငါသူနဲ့ စကားပြောမှာပါ။ဒါနဲ့ သူဘယ်ကို သွားမယ်ဆိုတာ ပြောခဲ့သေးလား"

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now