အပိုင်း ၁၈

893 170 20
                                    

Unicode

"ယုံတောင်မယုံနိုင်ဘူး ဆော့ဂျင်ရယ်"

Hobeom ကမယုံနိုင်ဟန် ပြောဆို၏။

"မင်းလုပ်နိုင်ခဲ့ပြီ!"

ထယ်ယောင်း၏ တက်ကြွသည့် အသံ။သူသည် ဆော့ဂျင်၏ တုန်ယင်နေသည့် လက်တို့ကို ဖွဖွ အုပ်ကိုင်ပြီး ပြောလာခြင်း။ဆော့ဂျင်လုပ်ခဲ့သည့် ဖိုင်အတွက် သူတို့အားလုံး အံ့ဩလေးစားနေကြခြင်း။ဂျောင်ကုတောင်မှ သူ့အား အထင်ကြီးစွာ ကြည့်နေခဲ့သည်မဟုတ်ပါလား။

ကုမ္ပဏီ၏ အောင်မြင်မှုအပြင် ကောင်းကျိုးဆိုးကျိုးတို့ကိုပါ အသေးစိတ်ရေးဆွဲ ဖော်ပြထားသေးသည်။ထို့အပြင် ပရောဂျက်အတွက် ဂရပ်နှင့် လိုအပ်သည့် ရေးသားမှုများပါ ပြင်ဆင်ထားသည်ကြောင့် တစ်ဖက်ကုမ္ပဏီမှ လူတို့ ရင်းနှီးမြုပ်နှံရန် အလွယ်လေး စွန့်စားမှု ပြုရဲနိုင်ကြသည်။

"ပထမတော့ မင်းဒီအလုပ်ကို မလုပ်နိုင်လို့ရှောင်နေတယ်ထင်ခဲ့တာ။မင်းတော့ Boss အလုပ်ထုတ်တာ ခံရပြီပေါ့။ဒါပေမယ့်ကွာ မင်းရဲ့ဖိုင်က အရမ်းကို ပြည့်စုံလွန်းတယ်။အားလုံး မျှော်လင့်ထားတာထက် သာလွန်တဲ့ ကစားပွဲတစ်ခုကို မင်းကစားပြသွားတာပဲ"

ဆော့ဂျင်က သူ့အားချီးမွမ်းထောပနာပြုသူတို့ကို ဦးညွတ်သည်။ပြီးလျှင် ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး အခန်းပြင်ထွက်သည်။ဤသို့သော ချီမွမ်းမှုတို့က နှလုံးအိမ်မှ ရောင်ရမ်းနာကျင်မှုကို နည်းနည်းလေးပင် သက်သာရာ မရပါချေ။

"ကိုယ်မင်းကို ယုံတယ်ဂျင်"

ထယ်ယောင်းက အပြုံးလှတစ်ခုဖြင့် ညင်သာစွာပြောပြီး ဆော့ဂျင်အား ကော်ရစ်တာတွင် တစ်ဦးတည်း ချန်ထားခဲ့၏။ထိုခဏ၌ နောက်နားဆီမှ အလွန်ရင်းနှီးသည့် အသံတစ်ခု။

"ဆော့ဂျင်.."

ချိုမြသည့် အသံနှင့် သူ၏အမည်။ထိုအသံက သူ့ရင်ခုန်သံအား အရှိန်အဆ ပြင်းပြင်းခုန်လှုပ်စေသည်။နောက်လှည့်ကြည့်ချိန်တွင် သူ၏အနားဆီ ချဉ်းကပ်လာသည့် Jeon။

"ဆော့ဂျင်"

ထပ်မံခေါ်လာသည်။သို့ပေမယ့် ထိုအမည်မှလွဲ တခြားသော အကြောင်းအရာက ထွက်မလာသေး။သူသည် နူတ်ခမ်းပါးတို့ ပွင့်ချည်ပိတ်ချည်ဖြင့် တစ်စုံတစ်ရာကို ပြောရန် ကြိုးပမ်းနေပါ၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now