အပိုင်း ၁၅

859 171 37
                                    

Unicode

၀ရံတာ၌ ထိုင်နေသော်ငြား သူ၏စိတ်အစဉ်သည် မျက်လုံးရှေ့ မြင်ကွင်းလှလှအား မငေးမောနိုင်။လည်တိုင်မှ ရတနာနှစ်ခု မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်သည့် လည်ဆွဲကိုသာ မမှိတ်မသုန်ကြည့်မိသည်။

နှလုံးအိမ်မှ လေးလံမှု သန်းချီ၏ဖိနှိပ်မှုဒဏ်အား မခံရပ်နိုင်စွာ သက်ပြင်းချသည်။နူတ်ခမ်းဖူးတို့က တဆက်ဆက်တုန်လှုပ်ရင်း..

"ကျေးဇူးပြုပြီး....ကူညီပေးပါ"

ရုတ်တရက် အနောက်ဘက်မှ ဘွားကနဲပေါ်လာသည့် ‌ဟိုဘီကြောင့် ဆော့ဂျင် လန့်သွားရသည်။သူ၏မျက်နှာထက် အလိုမကျမှုတို့ ခိုတွဲနေပြီး ဆော့ဂျင်ကို ကြည့်လာသည်ကြောင့်..

"Hobi တစ်နေ့လုံး ဘယ်တွေလျှောက်သွားနေ--"

"ဂျင် ငါဒီမှာဆက်ပြီး နေလို့မရတော့ဘူး"

"မင်းဘာပြောတာ.?"

ဆော့ဂျင်မျက်လုံးတို့က အံ့ဩမှုကြောင့် ဝိုင်းစက်နေ၏။

" Godmother Fairlie ကငါ့ကိုခေါ်ခဲ့တယ်။သူပြောတာက ငါဒီမှာရှိနေလဲ ဘာမှထူးခြားမလာတာမို့ ပြန်လည်၀င်စားခြင်း အစီအစဉ်ကိုပဲ ပြီးစီးအောင်လုပ်ဖို့ ပြောခဲ့တယ်"

သူက ဖြည်းလေးစွာ သက်ပြင်းချသည်။မျက်လုံးတို့က ဆော့ဂျင်ထံ မကြည့်။အောက်ဘက်မှ ပန်းခြံတွင်းကိုသာ ကြည့်နေသည်။

"မင်းက ကျွန်တော့်ကို ကူညီနေတာပဲလေ။မင်းမသွားရဘူး"

"ငါဘာမှမတက်နိုင်ဘူး ဂျင်။သွားမှဖြစ်မယ်။ပြီးတော့ ငါ့ရဲ့ပြန်လည်၀င်စားခြင်း အစီအစဉ်ကလည်း အချိန်ဆွဲထားလို့ မရတော့ဘူး"

သူသည် နူတ်ခမ်းတို့ တင်းတင်းစေ့ထား၏။

"ကျေးဇူးပြုပြီး...ဟိုဘီ..နေပေးနိုင်မလား~~~"

ဆော့ဂျင်အသံတို့က တုန်ရီလျက်။

"ငါတောင်းပန်ပါတယ် ဂျင်။ငါကနေချင်သေးပါတယ် ဆိုရင်တောင် နေလို့မရဘူး"

ဆော့ဂျင်မျက်၀န်းထောင့်မှ မျက်ရည်စီးကြောင်းကို တွေ့လျှင် သူသည်အသာ ခေါင်းငုံ့မိသွားသည်။သူ၏နူတ်ခမ်းပါးတို့သည်လည်း ‌မိုးကောင်ကင်နှင့် ဖီလာပြုလျက်။အောက်ဘက်သို့ ကွေးကျသွား၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now