Part-9(Uni and Zawgyi)

48.3K 3.8K 129
                                    

Scroll down for Zawgyi❤

အိမ်ထဲသို့ဝင်ဝင်လိုက်ချင်း ထင်ထင်လေးကအပြေးအလွှားလာဖက်တော့သည်။တစ်နေကုန်မတွေ့ရ၍ လွမ်းနေသည့်ကလေးအား တန်ခူးရိပ်ပွေ့ချီလိုက်သည်။ထိုစဉ် ထင်ထင်လေးအနောက်မှ လိုက်လာသည့်အမျိုးသမီးကိုတော့ တန်ခူးရိပ်လုံးဝမတွေ့ဖူး။ထိုအမျိုးသမီးမှာ နှစ်ဆယ့်ငါး၊နှစ်ဆယ့်ခြောက်လောက်သာရှိဦးမည့်ပုံ။တော်တော်လေးလှသည့် အမျိုးသမီးပင်။လှသည်ဆိုရာ၌ ပူပူပြင်းပြင်းလှသည့်ဆွဲဆောင်အားကောင်းသည့် အလှမျိုးပင်။

"ကိုယ်ပြောထားတဲ့ ထင်ထင့်အတွက်ဆရာမလေ"

လင်းထင်ကျော်ဇောက တန်ခူးရိပ်လက်ထဲမှထင်ထင့်ကို လက်လွှဲချီလျက်ပြောလိုက်သည်။တန်ခူးရိပ် ခေါင်းငုံ့နှုတ်ဆက်လိုက်တော့ ထိုဆရာမပြုံးပြလာသည့် အပြုံးတို့အားသူမကြိုက်။လူအကဲမခတ်တတ်သော်လည်း သူ့စိတ်ထဲတွင်တော့ တစ်မျိုးကြီးခံစားနေရသည်ကို တန်ခူးရိပ်ရှင်းရှင်းလင်းလင်းကိုသိနေသည်။

"ကိုကိုကြီး ဧည့်သည်ရောက်နေတယ်ရှင့်"

ညိုသွယ်က ခပ်ကုတ်ကုတ်လေး လာပြောတော့ လင်းထင်ကျော်ဇောကမျက်ခုံးတို့ကို တွန့်ချိုးကာ စဉ်းစားလိုက်သည်။အိမ်အထိလိုက်လာရဲသည့် ဧည့်သည်မှာဘယ်သူများလဲဆိုသည့်အတွေးဖြင့်။

"ချာတိတ် ကိုယ်ခဏစကားပြောလိုက်ဦးမယ်နော်"

လင်းထင်ကျော်ဇောကတန်ခူးရိပ်ခေါင်းလေးကိုပုတ်လျက် ထင်ထင့်ကိုအောက်တွင်သေချာချပေးကာ ဧည့်ခန်းဘက်သို့ဝင်သွားတော့သည်။'ကူကူးကို ပင်ပန်းအောင်မလုပ်နဲ့'ဆိုသည့်စကားကိုလည်း ထင်ထင့်အားမှာရန်မမေ့။ဆရာမဆိုသည့်အမျိုးသမီးကတော့ လင်းထင်ကျော်ဇောအား မျက်တောင်မခတ်တမ်းလိုက်ကြည့်နေခဲ့သည်ကို တန်ခူးရိပ် ရိပ်မိပါသည်။

"မိတ်ဆက်ရဦးမယ် တို့နာမည်က ဝင့်လွှာပါ ခင်ဝင့်လွှာတဲ့ မောင်လေးနာမည်ကရော"

"တန်ခူးရိပ်ပါ"

ထုံးစံအတိုင်း မသိသည့်လူများနှင့်ဆိုတန်ခူးရိပ်မှာ လေသံခပ်တိုးတိုးဖြင့် ခေါင်းကိုပိုပိုငုံ့ချတတ်သည်မှာ အကျင့်ပင်ဖြစ်နေသည်။သို့သော် ယခုတစ်ခါတွင်တော့ တန်ခူးရိပ်၏အသံမှာ ပုံမှန်လူများ၏အသံကဲ့သို့ကြည်လင်နေပြီး ခေါင်းကိုလည်းခပ်မတ်မတ်ဖြင့် ခပ်တည်တည်သာပြောလိုက်သည်။လင်းထင်ကျော်ဇောနှင့်တစ်လမ်းလုံး စကားတွေပြောလာရ၍ သူအနည်းငယ်အားရှိသလိုပင် ခံစားနေရသည်။

I married my sister's husband{Completed}Tempat cerita menjadi hidup. Temukan sekarang