Part-27(Uni and Zawgyi)

35.9K 2.3K 147
                                    

Scroll down for Zawgyi❤

တန်ခူးရိပ်သည် အိပ်ခန်းဝရံတာမှတစ်ဆင့် တိတ်ဆိတ်နေသည့် ဘေးခြံကြီးကို ကြည့်လျက်သက်ပြင်းခပ်လေးလေး ချလိုက်သည်။ထင်ထင့်မွေးနေ့မတိုင်ခင်တည်းက ခရီးထွက်သွားသည့်လက်ျာလဝန်းသည် ရက်သတ္တပတ်ကြာသည်အထိ ပြန်ရောက်မလာသေး။တန်ခူးရိပ်သည် လက်ျာလဝန်းအပေါ်သံယောဇဉ်ရှိပါသည်။အကိုကြီးတစ်ယောက်လို၊ခင်မင်နေကြအိမ်နီးချင်းတစ်ယောက်လို ရိုးရိုးသားသားနှင့်ကို သံယောဇဉ်ရှိတာပါ။

"ကူကူးငယ်"

ဘေးမှပုခုံးလာဖက်သည့် လင်းထင်ကျော်ဇောကြောင့် တန်ခူးရိပ်၏အတွေးများသည်ဟိုဟိုဒီဒီပြန့်ကျဲနေရာမှတစ်စုတစ်စည်းတည်းဖြစ်သွားတော့သည်။ညနေခင်း၏လေညင်းနုနုသည် သဘာဝ၏လန်းဆန်းသည့်အနံ့အား သယ်ဆောင်လာပေးသလို လင်းထင်ကျော်ဇော၏ကိုယ်သင်းနံ့ဟာလည်း ပထမဆုံးည၏မှတ်ဉာဏ်တွေဆီသို့ ပြန်ခေါ်ဆောင်သွားပေးတတ်၏။

"ဘာတွေတွေးနေတာလဲ"

လင်းထင်ကျော်ဇောအခုရက်ပိုင်းအလုပ်များနေတာကြောင့် သူ၏ရင်နှစ်သည်းချာလေးနှင့်ပင်စကားကောင်းကောင်းမပြောရ။ရှယ်ယာဈေးအတက်အကျကိုလည်း လိုက်ထိန်းနေရသလို၊ဓာတ်ပုံပျံ့နှံရာအရင်းအမြစ်ကိုလည်း လိုက်နေရသည်။မြတ်သူနှင့်reyကမတည့်ကြပေမယ့် ထင်ထားတာထက်ပို၍ အားကိုးရပါသည်။

အလွတ်တန်းသတင်းထောက်တစ်ယောက်ဆီကနေ သူတို့အိမ်ထောင်ရေးသတင်းကစတင်ပေါ်ပေါက်လာသည်ဟု သိရသည်။အဲ့ဒီ့အပြင်မူလဇစ်မြစ်သတင်းတိုက်ဟာလည်း ယခုအချိန်တွင်ပိတ်သိမ်းသွားသည့်အဆောက်အဦးတစ်ခုဖြစ်နေခဲ့၏။သို့သော်social mediaပေါ်တွင်တော့ တန်ခူးရိပ်နှင့်သူ၏အိမ်ထောင်ရေးအား အဆိုးဘက်သို့ဝေဖန်ပြောဆိုသည်ကို သိပ်မတွေ့ရတာကြောင့် ထိုကိစ္စကိုခဏလွှတ်ပေးထားလိုက်သည်။

သူကိုယ်တိုင်သည်လည်း ရွှေတြိဂံနယ်မြေမှ လုပ်ပိုင်ခွင့်တို့အားAidenကိုတဖြည်းဖြည်းပြန်လွှဲပေးနေရသလို ရှမ်းပြည်မှဘိန်းချက်သည့်စက်ရုံကိုလည်း reyကိုပြန်လွှဲပေးပြီး သူကိုယ်တိုင်ကလေကြောင်းလိုင်းနှင့်သမာသမတ်ဖြစ်သည့် စီးပွားရေးကိုသာဇောက်ချလုပ်ကိုင်ရန်တွေးတောထား၏။ကူကူးက ထိုသို့လုပ်ငန်းများကိုကြိုက်မည်မဟုတ်တာကြောင့်ပင်။

I married my sister's husband{Completed}Where stories live. Discover now