Part-24(Uni and Zawgyi)

36.7K 2.7K 198
                                    

Scroll down for Zawgyi ❤

'ခွမ်း'

ပစ်ပေါက်ခြင်းခံလိုက်ရသည့် ဝိုင်ခွက်အကြည်သည် အုတ်နံရံနှင့်သွား၍မိတ်ဆက်မိသည်။အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသော ဖန်စများသည်သက်ရှိဖြစ်နေခဲ့လျှင် စွန်းထင်းသွားသောဝိုင်နီများသည် သွေးများဖြစ်နေပေလိမ့်မည်။

ထို့အတူနေဝန်းသာ၏မျက်ဝန်းများသည်လည်း ဝိုင်အနီထက်မလျော့သော နီရဲခြင်းများနှင့် ဒေါသအခိုးအငွေ့တို့လျှံထွက်နေ၏။နောက်ထပ် လူသုံးယောက်လောက်သည် ဘာစကားမှမဆိုဘဲခေါင်းတွေငုံ့လျက် အပြစ်ရှိဟန်ဖြင့် နေဝန်းသာ၏အရှေ့တွင်ရပ်နေကြသည်။

"မင်းတို့ကောင်တွေဘာစောက်သုံးကျလဲ ဘာစောက်သုံးကျလဲလို့ ဟမ်"

နေဝန်းသာ၏ဒေါသမီးလျှံသည် အရှိန်တငြီးငြီးဖြင့်ပင်တောက်လောင်လျှက်ရှိနေသည်။ငါးကြိမ်မြောက်၊ဒါနဲ့ဆို ငါးကြိမ်မြောက်ရှိခဲ့ပြီ။လင်းထင်ကျော်ဇော၏ဘေးမှအမျိုးသားကို ထိခိုက်ရန်ကြံရွယ်တိုင်း သူ့ဘက်မှလူတွေသာ အရင်ဆုံးအသေဆိုးနှင့်သေသွားကြသည်။ယနေ့လဲ လင်းထင်ကျော်ဇောတို့မိသားစုအား ပစ်ခတ်စေမည့်လက်ဖြောင့်သမားသည် အရင်ဆုံးတစ်ဖက်မှစနိုက်ပါလက်ချက်မိကာ ဘဝကူးသွားရသည်။လင်းထင်ကျော်ဇောသည် အဘယ်သို့လွယ်လွယ်ဖြင့် သူ၏ပိုင်ဆိုင်မှုတို့အား အထိခံပါ့မလဲလေ။

လင်းထင်ကျော်ဇောအားခြိမ်းခြောက်စာပို့ပြီးတိုင်း နေဝန်းသာကငြိမ်နေခဲ့သည်မဟုတ်။သူသည်လင်းထင်ကျော်ဇော၏အရိပ်အောက်မှာ တန်ခူးရိပ်အားထိခိုက်ရန်မဖြစ်နိုင်ခြင်းပင်။အဲ့ဒီ့အပြင် လက်ျာလဝန်းဟာလည်း ငြိမ်နေခဲ့သည်။ထို့ကြောင့် နေဝန်းသာသည်လည်း မလူးသာမလွန့်သာအခြေအနေဖြစ်နေရတော့သည်။

"ပုံတွေအကုန်စုပြီးပြီလား"

"ဟုတ်ကဲ့"

ထိုအခါမှ နေဝန်းသာ၏ကောက်ကျစ်သော ငါးခူပြုံးသည် သူ၏မာကြောရက်စက်သော ယုတ်ယုတ်မာမာမျက်နှာပေါ်မှ ဖြေးဖြေးချင်းပေါ်လာတော့သည်။တစ်နည်းမဟုတ်၊တစ်နည်းပေါ့ လင်းထင်ကျော်ဇောရယ်။
.
.
.
.
တန်ခူးရိပ်နှင့်ထင်ထင်သည် ကားပေါ်မှဆင်းကာ အိမ်ထဲသို့ပြေးဝင်သွားကြပြီး ထိုအခါမှလင်းထင်ကျော်ဇောက လက်ထဲမှဖုန်းအားနားနားကပ်လိုက်၏။

I married my sister's husband{Completed}Where stories live. Discover now