Part-29(Uni and Zawgyi)

31.4K 2.5K 105
                                    

Scroll down for Zawgyi❤

သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပေမယ့် ခန္ဓာကိုယ်၏အထိအတွေ့အရ အအိပ္ဆတ္သူပီပီ ဖက်ထားနေကြခေါင်းအုံးနေရာမှာ တစ်စုံတစ်ခုပြောင်းသွားမှန်း သိလိုက်ရသည်။Baby mild....baby mild ခေါင်းလျှော်ရည်အနံ့ကလည်း နှာခေါင်းထဲတိုးဝင်လာပြန်သည်။မျက်လုံးတွေကိုတော့ မဖွင့်မိသေး။ထင်ထင်ပြန်ရောက်နေပြီလား လို့လည်းတစ်ဆက်တည်းတွေးမိပြန်၏။Baby mildသုံးတာထင်ထင်ပဲရှိသည်လေ။

"အိပ်...အိပ် ကူကူးငယ်အိပ်ဦး"

သူလှုပ်စိလှုပ်စိဖြစ်နေ၍ထင်သည်။ကျောကုန်းကိုခပ်ဖွဖွပွတ်ပေးနေကြ လက်နွေးနွေးနှင့်လင်းထင်ကျော်ဇော၏အသံနူးနူးညံ့ညံ့ကို ကြားရသည်။လင်းထင်ကျော်ဇော....ဦးလင်းထင်ကျော်ဇောက အိပ်ယာပေါ်ရောက်နေတာလား။အတွေးကဒက်ခနဲဆို လူကလည်းဆတ်ခနဲထထိုင်မိလိုက်သည်။

"အိပ်ယာပေါ် ဘယ်လိုရောက်နေတာလဲ။အဲ့ခေါင်းလျှော်ရည်အနံ့ကြီးမခံနိုင်ဘူးလို့ပြောထား......"

တန်ခူးရိပ်၏စကားသည်တစ်ဝက်တစ်ပျက်ဖြင့်ရပ်သွားသည်။လေထုထဲမှအနံ့အသက်တစ်ခုကို နှာခေါင်းတရှုံ့ရှုံ့ဖြင့် ရှူကြည့်နေပြန်၏။လင်းထင်ကျော်ဇောကတော့ အိပ်ယာပေါ်တွင်လှဲလျက်ပင် တန်ခူးရိပ်၏ လှုပ်ရှားမှုအစုံစုံကိုပြုံးလျက်ကြည့်နေသည်။အိပ်ယာနိုးစ ဆံပင်ပွယောင်းယောင်းနှင့်မျက်လုံးမပွင့်တပွင့်ပုံစံ။ဖဲသားညအိပ်ဝတ်စုံအောက်က ညှပ်ရိုးထင်းထင်းလေး။

အမဲလိုက်ခွေးလိုအနံ့ရှူကြည့်ပြီးနောက် တန်ခူးရိပ်သည် သူမုန်းနေသောရှန်ပူအနံ့ကြီးကိုမရတော့မှန်း သေချာသွား၏။အဲ့ဒီ့အပြင် Baby mild shampooအနံ့သင်းသင်းလေးသာ အိပ်ခန်းလေထုထဲတွင်ဝေ့ဝိုက်နေခဲ့လေသည်။

"အခု ကိုယ်ကုတင်ပေါ်ပြန်တက်လာလို့ရပြီလား"

လင်းထင်ကျော်ဇောကပြုံးစစဖြင့်အောင်နိုင်သူလိုပြုံးလျက်မေးသည်။တန်ခူးရိပ်သည် လင်းထင်ကျော်ဇော၏ခေါင်းနားအထိ တိုးသြားကာ နမ်းကြည့်လိုက်ပြန်သည်။တကယ်ကြီး baby mild shampooအနံ့ပင်။မဟုတ်မှ....

"ခေါင်းထပ်လျှော်လိုက်တာလား"

တစ်ဆက်တည်းညအိပ်မီးတင်ထားသည့်စားပွဲပေါ်မှ စားပွဲတင်နာရီထံအချိန်လှမ်းကြည့်လိုက်၏။မနက်ငါးနာရီစွန်းစအချိန်ပင်။အပြင်တွင်အလင်းရောင်ပင် ကောင်းကောင်းမပွင့်သေး။

I married my sister's husband{Completed}Onde histórias criam vida. Descubra agora