Part-25(Uni and Zawgyi)

42.6K 2.8K 190
                                    

Scroll down for Zawgyi ❤

လင်းထင်ကျော်ဇောသည် တန်ခူးရိပ်၏ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်လေးအား ပွေ့ချီလိုက်သည်။သူ၏လည်ဂုတ်ကိုခိုတွယ်ထားသော လက်လေးတွေသည် ပို၍တင်းကြပ်သွားသည်ကို ခံစားမိ၏။ဒီကောင်လေးက သူ့ကိုဒီညမှာတင် ရူးသွပ်စေချင်နေပုံရသည်။

"ကိုကိုလင်းထင်ကရုတ်တရက်ကြီးပွေ့လိုက်တော့ ကူးဖြင့်လန့်တောင်လန့်တယ်ဗျာ"

"နောက်တစ်ခေါက် ကိုကိုလင်းထင်လို့ထပ်ခေါ်ရင် တန်ခူးရိပ်လေးဒီညအိပ်ဖို့မတွေးနဲ့"

ခြေလှမ်းကျဲကြီးများနှင့် မပြေးရုံတမယ်အိမ်ထဲဝင်လာသည့် လင်းထင်ကျော်ဇောသည် ခဲရာခဲဆစ်ထိန်းချုပ်ထားဟန်ရသည်။ပွေ့ချီခံထားရသည့်တန်ခူးရိပ်သည် ပြီတီတီပြုံးကာ အပြစ်ကင်းသောမျက်လုံးလေးများကို ဟိုထောင့်ကပ်၊ဒီထောင့်ကပ်ဆော့ကစားကာ မျက်နှာသွယ်သွယ်လေးအား လင်းထင်ကျော်ဇော၏ နားရွက်ဖျားများထံကပ်လိုက်ပြန်သည်။

နှုတ်ခမ်းပြည့်ပြည့်လေးများက နားရွက်ဖျားများကိုပွတ်တိုက်လိုက်ကာ လေတိုးသံဖြင့် နှစ်ကိုယ်ကြားစကားကိုဆိုသည်။

"ကိုကိုလင်းထင်....ကိုကိုလင်းထင်...ကိုကိုလင်းထင် အဟင်းဟင်း"

စကားသံအဆုံး မထိခလုတ်ထိခလုတ် ရယ်သံတိုးညှင်းညှင်းဖြင့်လည်း လင်းထင်ကျော်ဇော၏ ခြေလှမ်းတို့အားမြန်သထက်မြန်အောင် ဆွဲဆောင်ညှို့ယူနေပြန်သည်။

တန်ခူးရိပ်၏ ခန္ဓာကိုယ်သည် လင်းထင်ကျော်ဇော၏ လက်မောင်းတွေကြားမှလွတ်မြောက်ကာ ကျောပြင်သည် အိစက်သောမွေ့ယာနှင့်ထိမိသည်။သူ့ထံအုပ်မိုးလာသော လင်းထင်ကျော်ဇော၏ ရင်အုပ်ကျယ်ကျယ်နှင့်တကွ စိမ်းဖန့်ဖန့်ပါးသိုင်းမွှေးရေးရေးတို့နှင့် မျက်နှာချောချောကိုမြင်ရချိန်တွင် ရင်ခုန်လှိုက်ဖိုသောခံစားချက်တို့ဝင်လာရပြန်သည်။အမြဲတမ်းတော့ ရင်ခုန်နေပေမယ့် ယခုည၏ရင်ခုန်ခြင်းကိုတော့ လိုက်မှီမည်မထင်။

ရင်ထဲ၌ ပွဲတော်ကျင်းပနေသကဲ့သို့ စည်ဗုံတီးသံများလိုလှုပ်ခါနေကာ သူ၏နှလုံးသားလေးသည် လည်ချောင်းဝမှတစ်ဆင့်အပြင်သို့ ခုန်ထွက်လာနေခဲ့ပြီဟု ခံစားရသည်။

I married my sister's husband{Completed}Donde viven las historias. Descúbrelo ahora