Part-34(Uni and Zawgyi)

31.1K 2.5K 165
                                    

Scroll down for Zawgyi ❤

ဒိုင်း!ဒိုင်း!ဒိုင်း

သေနတ်သံများထွက်ပေါ်လာတော့ ပူးတွဲကြိုးချည်ခံထားရသော ဂုဏ်ရည်သွေးနှင့်တန်ခူးရိပ်သည် စိတ်ပျက်လက်ပျက်ခေါင်းတွေငုံ့ချထားရာမှ သခင်ကိုတွေ့သည့်ခွေးပေါက်လေးများနှယ် လည်တဆန့်ဆန့်ခေါင်းမော့လာကြတော့၏၊

နေဝန်းသာသည်လည်း လျော့တိလျော့ရဲမှီထိုင်နေရာမှ ထလာပြီးလေချွန်လျက် အောက်ကိုငုံ့ကြည့်လိုက်၏။ခပ်လှမ်းလှမ်းတွင်တော့ သူ့လူများက အသင့်အနေအထားဖြင့်ရပ်နေကြဆဲ။

"ရောက်လာကြပြီထင်တယ် မဆိုးပါဘူး မြန်သားပဲ။ကဲ သူတို့နှစ်ယောက်ကို ဟိုဘောင်ပေါ်တင်ပေးပြီး ကြိုးနဲ့တွဲချည်ထားလိုက်"

နေဝန်းသာက သူ့လူတွေကို ဟာလာဟင်းလင်းဖြစ်နေသော လူတစ်ရပ်စာကျော်သည့် ပြတင်းတံခါးအလွတ်တွေကိုညွှန်ပြလျက် ခိုင်းစေလိုက်သည်။ထိုပြတင်းတံခါးများကိုကျော်လွန်လျှင် အောက်သို့တန်းတန်းမတ်မတ်ကို ပြုတ်ကျမှာဖြစ်သည်။ဘာအကာအကွယ်၊အခင်းအကျင်းမှမပါသည့် လေဟာပြင်ကြီးပင်။ထိုကဲ့သို့အပေါက်များသည် ဘေးပတ်ပတ်လည်တိုင်းတွင်ရှိနေသည်။နေဝန်းသာညွှန်ပြသော တစ်ခုသည်ကား အပေါ်တည့်တည့်တွင် သံချိတ်ကောက်အကြီးကြီးတစ်ခုရှိပြီး တန်ခူးရိပ်တို့အား ထိုချိတ်ကောက်တွင် အသားသည်များအသားကိုတွဲလောင်းချိတ်သကဲ့သို ချိတ်ဆွဲထားဖို့ဖြစ်သည်။

"အား..အား...ချီးပဲ ဘယ်နှစ်လွှာတောင်လဲ။မြင့်လိုက်တာ ရား!!!"

လက်မှကြိုးများကို ထိုချိတ်ကောက်တွင်ရှိသော ကြိုးများနှင့်ထပ်ချည်၍ ချိတ်ဆွဲခံလိုက်ရသောကြောင့် အမြင့်ကြောက်တတ်သော ဂုဏ်ရည်သွေးသည် အောက်ကိုငုံ့ကြည့်ကာ အော်တော့သည်။ခြေထောက်အောက်တွင် ဘာကြားခံနယ်မှမရှိ၊လွတ်ကင်းလျက် ခန္ဓာကိုယ်လှုပ်လျှင် လှုပ်သလောက် လက်ဝှေ့ထိုးသည့်သဲအိတ်များ လှုပ်ယမ်းသလိုကိုလှုပ်ယမ်းနေခဲ့သည်။အထပ်နှစ်ဆယ်ခန့်ရှိသော အမြင့်ပင်။

"အောက်ကို ငုံ့မကြည့်နဲ့"

အနည်းငယ်အဖျားခတ်တုန်ယင်နေသည့် အသံဖြင့် တန်ခူးရိပ်စကားဆိုလိုက်သည်။တန်ခူးရိပ်သည်လည်းကြောက်တတ်ပါသည်။သို့သော် သူသည်ဂုဏ်ရည်သွေးကဲ့သို့ ရုပ်ပျက်ဆင်းပျက်အော်ဟစ်မနေ။ချည်ခံထားရသည့်ချိတ်ကောက်မှ ကြိုးစကိုသာချွေးစေးတို့ပျံနေသော လက်ဖဝါးနုနုလေးများဖြင့် တင်းနေအောင်ဆုပ်ကိုင်ထား၏။လက်မှကြိုးကမခိုင်လျှင် ထိုကြိုးကိုသာအားကိုး၍ ဆုပ်ကိုင်ထားနိုင်သည်။တစိမ့်စိမ့်တိုက်သည့်လေအေးများသည် သူတို့ဆံပင်တွေကို လွင့်လူးစေရုံသာမက သူတို့၏နှလုံးသည်းခြေကိုပါ ပွတ်တိုက်လျက် အေးစိမ့်သောခံစားချက်ကိုပေးစွမ်းနိုင်ပါသည်။

I married my sister's husband{Completed}Donde viven las historias. Descúbrelo ahora