Part-39(Uni and Zawgyi)

36.1K 2.4K 109
                                    

Scroll down for Zawgyi ❤

(Warning:Includes some adult scenes.read at your own risk.Don't say I didn't warn you)

တန်ခူးရိပ် သူ့ရဲ့ခန္ဓာကိုယ်က တဖြေးဖြေးနဲ့ပူလောင်အိုက်စပ်လာသလိုခံစားလာရတယ်။အဲ့ဒါက သူ့ကိုအရှိန်ပြင်းပြင်းမီးဖိုခန်းထဲမှာ လှောင်ပိတ်ထားပြီး တစ်စုံတစ်ယောက်က မီးစာပြင်းပြင်းဖြင့်မီးမြှိုက်နေသလိုပင်။

"ဦး ပြန်ကြရအောင်"

တန်ခူးရိပ်မပြောလျှင်တောင် လင်းထင်ကျော်ဇောကလည်း ပြန်ဖို့စိတ်ကူးရှိပါသည်။Aidenတို့ကလည်း ပြန်သွားကြပြီ။အဲ့ဒီ့အပြင်သူရောတန်ခူးရိပ်ရောက ယခုလိုဆူညံကျယ်လောင်သည့်နေရာမျိုးကိုမကြိုက်။ပုံမှန်အားဖြင့် အေးအေးဆိတ်ငြိမ်စွာရှိတတ်သော နေရာမျိုးကိုသာသွားတတ်ကြသည်။

"အင်း ပြန်ကြမယ်လေ"

ရောက်ပြန်ဆိုသည့်စကားဟာ သူတို့စုံတွဲအတွက်ဖြစ်နေတော့သည်။ရောက်ပြီးတာနဲ့တန်းပြန်ကြသော သူတို့နှစ်ယောက်တွင် တန်ခူးရိပ်ကတော့ မကြာမီအချိန်အတွင်းအစွမ်းပြတော့မည့် vodkaတစ်ခွက်သောက်လိုက်ရပါသည်။

"ကူကူးငယ် ကလေးလေးနေမကောင်းဘူးလား။မျက်နှာတွေရဲနေတယ်"

လင်းထင်ကျော်ဇော တန်ခူးရိပ်အားကားခါးပတ်ပတ်ပေးနေရင်း နီရဲနေသောမျက်နှာလေးကိုကြည့်ကာ လက်ကလည်းနဖူးအပေါ်အလိုလိုရောက်သွားရသည်။ကိုယ်အပူချိန်ကတော့ ပုံမှန်ပါပဲ။သို့သော် သူ့ကောင်ငယ်လေး၏ မျက်နှာသည်မက်မွန်သီးလုံးထက်ပင် ရဲတွတ်နေသေး၏။

"ပူလို့ အိမ်ပြန်ချင်ပြီ။ဒီအဝတ်အစားတွေ ချွတ်ချင်လာပြီ"

တစ်စုံတစ်ခုကတော့မှားယွင်းနေပြီမှန်း လင်းထင်ကျော်ဇောရိပ်မိလိုက်သည်။ခပ်လျော့လျော့မှီထိုင်ကာ မျက်လုံးတွေမှေးစင်းလျက် ခပ်အီအီဖြစ်နေသောအသံပိုင်ရှင်သည် တစ်ချက်တစ်ချက်သူ့ရဲ့ပေါင်တွေကိုလည်း လာရောက်ပွတ်သပ်နေတာကြောင့် လင်းထင်ကျော်ဇော ငါးစက္ကန့်ခြားတစ်ခါတံတွေးမြိုချနေရသည်။

"အင်း အခုပြန်နေပြီနော် အိပ်ခန်းထဲရောက်မှအကုန်ချွတ်"

လင်းထင်ကျော်ဇောကအပြောနှင့်အလုပ်ညီစွာ ကားလီဗာကိုအရှိန်ပြင်းပြင်းဖိနင်းလျက် အိမ်ကိုဒုန်းဆိုင်းပြန်ရန်တာစူနေခဲ့သည်။ညနက်နေပြီဖြစ်၍ ရှင်းလင်းနေသော ကားလမ်းမကြီးကြောင့်ရော လင်းထင်ကျော်ဇော၏တစ်နာရီမိုင်ခြောက်ဆယ် ကားမောင်းနှုန်းကြောင့်ပါ အိမ်ကိုမိနစ်နှစ်ဆယ်လောက်ကြာမည့်ခရီးက ဆယ်မိနစ်အတွင်းပြန်ရောက်ခဲ့တော့သည်။

I married my sister's husband{Completed}Hikayelerin yaşadığı yer. Şimdi keşfedin