"သားလွှား မင်းရဲ့ အဒေါ်စကားကို နားထောင်နော် မင်းရဲ့အဒေါ်က အမေတို့ကို မင်းအဖေဆုံးပြီးကတည်းက တာဝန်ယူကျွေးမွေးထားတာနော်"
"ဟုတ်ကဲ့မေမေ"
"ဒါဆိုမေမေ အလုပ်သွားတော့မယ် လိမ်လိမ်မာမာနေနော်"
မာန်ထက်လွှားရဲ့ဘဝက ထူးခြားသည်ပဲ ဆိုရပေမလား သူနေရသည်ကတော့ အိမ်ကြီးအိမ်ကောင်းတစ်ခုမှာ နေထိုင်ရသော်လည်း တခြားကလေးများကဲ့သို့ လိုလေသေးမရှိ နေထိုင်ရသည်ဟု အများက မြင်ကြပေလိမ့်မည် သို့သော် သူ့ဘဝက အမြင်သာဟန်ဖို့ ဖို့ရှိတာပါ ထမင်းနပ်မှန်အောင်စားရသည်မှလွဲ၍ ကလေးပီပီ အရုပ်တစ်ရုပ်တောင်မရှိခဲ့ဖူးပါ အရွယ်နဲ့မမျှသည့် စိုးရိမ်ပူပန်မှုက သူ့အနာဂတ်ပင်ဖြစ်လေသည် သူ၏အသက်အရွယ်မှာတော့ ကလေးတစ်ယောက် ဆိုသော်ငှား သိတတ်နားလည်တွေးတတ်သည့်၁၂အရွယ်။အမေက သူ့အလုပ်ငွေတွေကို စုဆောင်းရှာသော်လည်း အချိန်တစ်ခုရောက်သည်နှင့် ဆေးရုံသို့ပေးရသည် အဘယ်ကြောင့်ဆိုသော် သူ့အမေ၌နာတာရှည် ရင်ကြပ်ရောဂါ စွဲကပ်နေသည်မို့ သူ့နောင်ရေးက တွေးပူစရာပင်
ထိုသို့သော် ပင်ပန်းမှုတွေနှင့် မနဲနေသားကျအောင် နေရင်းမှ မုန်တိုင်းတစ်ခုက သူ့ဘဝထဲ အလုံးအရင်းဖြင့်ဝင်လာသည့် တစ်နေ့
အမေသည် ခြစ်ခြုတ်ဆုနေရင်း သူ၏အခြားရောဂါဖြစ်သည့် သွေးတိုးရောဂါကို အသိမထားမိ၍ ခေါက်ခနဲ ဦးနှောက်သွေးကြောပြတ်ဆုံးပါးသွားခဲ့သည် ကြောင့် သူ့ဘဝသည်အလူးလူးအလဲလဲဖြစ်ခဲ့ရသည်
နောက်ဆက်တွဲမှာတော့ အဒေါ်က ကျောင်းထားပေး ထမင်းကျွေးထားသည်ကိုပင် ကျေးဇူးကြီးမားလှသည်
ဒေါ်ဒေါ်သည်အပျိုကြီးဖြစ်သည့်အလျောက် မိသားစုတစ်စုလုံးကို သူပဲတင်ကျွေးထားသည့် အပြင် သူ့ရဲ့သံယောဇဥ်တွယ်ရာ ကျွန်တော့်ထက်ချစ်ဖို့ကောင်းသည်ဟု သူသတ်မှတ်လိုက်သည့် ကလေးလေးတစ်ယောက်အား ခေါ်ယူမွေးစားလိုက်လေသည်
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...