Ep 37 Zawgyi

3.8K 85 2
                                    

ချစ်တာကိုမထုတ်ပြ​တော့တဲ့​ကောင်​လေးရယ် ချစ်ပြ​နေလဲ တုံ့ပြန်ခြင်းမခံရတဲ့ ​​ကောင်လေးရယ်ကြား ဘယ်အချိန်က စမှားခဲ့ကြတာလဲ ချစ်တာချင်းတူ​ညီ​နေပါရက်​ပေါ့

သူ​ဆေးရုံခန်းထဲ​ရောက်​တော့ ကုတင်ထက်ဝယ်အိပ်​နေ​သော​ကောင်က​လေး နှစ်နှစ်ခြိုက်ခြိုက်အိပ်​နေသည်မို့ စိတ်​အေးရသည်

"​ဒေါ်​ဒေါ် တီတီမွန်ချက်​ပေးလိုက်တဲ့ ကြက်သား​ပေါင်း ငယ်​လေးကို​ကျွေး​ပေးပါ​နော် သားသွားထည့်​ပေးမယ်​နော်"

"ဟုတ်ပြီသား​လွှား"

"သား ငယ်​လေးအတွက် အားရှိ​အောင် ကြက်ဥပြုတ်​လေးသွားဝယ်လိုက်အုံးမယ်"

"ခဏထိုင်နားပါအုံးသားရယ် ခုမှ​ရောက်တာကို"

"​​​ဆေးရုံ​နားတင်မို့ ညအတွက်ကြိုသွားဝယ်ထားလိုက်မယ်​ဒေါ်​ဒေါ် ​ဒေါ်​ဒေါ်​ရော ဘာစားမလဲ"

"အဆင်​ပြေတာပဲ"

"​ကြေးအိုးစားမလား ​ဒေါ်​ဒေါ်  ကျွန်​တော်ဝယ်လာ​ပေးမယ်"

"တစ်ပွဲလုံးကျ မကုန်ဘူးသားရဲ့"

"တစ်ဝက်စီစားမယ်​လေ"

ထွက်သွားသူ သားငယ်ကိုကြည့်လို့ သူမပြုံးမိသည် က​လေး​လေးကို ဂရုစိုက်ခွင့်ရ​နေရုံတင်​ပျော်​နေသည့် သားလွှားက က​လေးကို တကယ်မြတ်နိုးသွားပြီ​ပေါ့​လေ သူမ သူတို့ကြားက ကိစ္စကို အမြန်​ဖြေရှင်း​ပေးမှဖြစ်​ပေလိမ့်မည်
××××× ××××××× ×××××××× ××××××××××
"ဒီည ကျွန်​တော် ငယ့်ကို ​စောင့်​ပေးလိုက်မယ် ​ဒေါ်​ဒေါ်"

"မင်းမ​စောင့်နဲ့"

"​ဘာလဲ အသက်ကြီးတဲ့​ဒေါ်​ဒေါ်က ​စောင့်ရမှာလား ဒါမှမဟုတ် တီမွန်က အိမ်က​နေလာ​စောင့်​ပေးရမှာလား အသက်ကြီးတဲ့သူ​တွေကို မင်းသက်သက်ဒုက္ခ​ပေး​နေတာလား"

ငယ်​လေးက ခပ်မာမာ​ပြောမှသာ မဟုတ်လျှင် သူ​က​ခေါင်းငုံ့ခံ​နေလျှင် ငယ်ကသိပ်ဆိုးချင်တာမို့ သူနှင့်စကား​တောင် တစ်​နေ့လုံး​ပြောရမည်မဟုတ် ငယ့်စိတ်ကို သူအသိဆုံးပင်

"ငါကအဲ့လို​ပြောတာမဟုတ်ဘူး​လေ"

"ဒါဆို ဘယ်လို​ပြော​ချင်သလဲ"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now