Ep 40 Zawgyi

4K 73 3
                                    

"မာန်ထက်လွှား မင်းထွက်သွား ငါမင်းမျက်နှာကိုမမြင်ချင်ဘူး"

ငယ်က သူ့အား အခန်းအ​ပေါက်ဝရပ်ရပ်ချင်း ထွက်သွားဖို့​ပြောတယ်ဆိုရင် သူက ​အခန်းတွင်းကို ​ခြေတစ်လှမ်းစီတိုးဝင်လို့ ငယ့်ကုတင်န​ဘေးအားထိုင်ကာ

"ငယ့်ကို အဲ့မိန်းမဘာ​တွေ​ပြောသွားလဲ ကိုကို့ကို​ပြော"

ခုနက သူ​အော်မိတာ​တောင် ​လေမို့လို့လားမသိ ချက်ချင်း​ပျောက်ကွယ်လွယ်ပြီး ကိုယ်ချစ်တဲ့သူက ကိုယ်မုန်းတဲ့သူကို မုန်း​ပေးပြီး ကိုယ့်ဘက်ရပ်တည်​နေခြင်း​တွေက ချက်ချင်း မီးကို​ရေနိုင်နိုင်ဖြင့်ဖျန်းချလိုက်သလို စိတ်အစဉ်ဟာ ကြည်လင်မှုရုတ်ချည်းဆန်သွားသည်

ပြီး​နောက်ငယ့်န​ဖူးပြင်မှ ဆံသား​လေး​တွေသပ်တင်​ပေးရင်း

"အရာရာက ငယ့်သ​​ဘောဖြစ်​စေရမယ်"

သူ့ကိုလာ​ချော့မြူ​နေ​သောကိုကိုရဲ့ ပုံစံက ရှားပါးလွန်းသည် ကိုကိုက သိပ်နူးနူးညံ့ညံ့ စကားဆိုခြင်းက နည်းပါးလှသည်မို့ သူစ​နောက်ချင်လာ၍

"ဒါဆို ငယ်တို့ ကွာရှင်းရ​အောင်"

"အဲ့ဒါ​တော့မရဘူး"

"ငယ့်သ​ဘောပါဆို"

"ငယ်နဲ့​ဝေးရမှာကလွဲလို့ပါ"

"ဘာလို့လဲ အရင်က ငါ့ကိုမင်းဒီ​လောက်မတွယ်ကပ်လွယ်ပါဘူး"

"ခုကစပြီး ကိုယ်က ငယ့်ဘဝထဲလုံးလုံးလျားလျားပစ်ဝင်​တော့မှာ"

"....."

"အရင်က မ​ဖြေရှင်းရ​သေးတဲ့ မတင်မကျအ​ခြေအ​နေ​ကြောင့် ငယ့်ကို ကိုကို မ​ပြောခဲ့ရတဲ့စကားရှိတယ်"

ဖုံးကွယ်ထားတာ ထပ်ရှိ​နေပြန်ပြီလားကိုကိုရယ် သူစိုးရိမ်တယ် ထပ်ပြီးလဲ မခံစားချင်​တော့ပါ ဆွဲထားမရရင် လွှတ်ချလိုက်​တော့ဖို့​​တွေး​တောပြီးသားပင်

ငယ့်လက်က​လေးအား သူတင်းကြပ်စွာ ဆုပ်ကိုင်လို့​​သေချာ အကြည့်ချင်းဆုံကြည့်၍

"ငယ့်ကို ကိုကို သိပ်ချစ်တာပဲကွာ"

ရုတ်ချည်း ခုမှချစ်ခွင့်ပန်ခံရသလို ခံစားရတာမို့ ​​ပျော်ရွှင်ခြင်း​ကြောင့် မျက်ဝန်းတွင် အရည်ကြည်များရစ်သိုင်းလို့

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now