Ep5 Uni

18.5K 973 27
                                    

ကိုကို ဆွဲ​ခေါ်ရာသို့ အမှီလိုက်ရင်း ​လှေကားအဆင်းနား ခလုတ်တိုက်မလိုဖြစ်သွားရသည်အထိ ဒါကို​တော့ ကိုကိုက အမှုမဲ့အမှတ်မဲ့သာ ပြုမူရင်း ထမင်းစားခန်းအထိသာ ဦး​ဆောင်သွားစဲ

ထမင်းစားခန်းဆီ​ရောက်​တော့ တီတီ​​လေးက​တောင် ကိုယ်​တွေကို ပြန်​စောင့်​နေရသည့်အဖြစ် အန်တီမွန်က​တော့ စားပွဲဝိုင်းနားရပ်ရင်း တီတီ​လေး ညွှန်ကြားသမျှလုပ်​ကိုင်​ပေး​နေ​လေသည်

တီတီ​လေး​ရှေ့​ရောက်သည်အထိ ကိုကို့က သူဆွဲထားသည့် လက်ကိုလွှတ်မ​ပေး​သေး

​တီတီမြင်လျှင်အမြင်မတင့်တယ်တာမို့ ထို့​ကြောင့် ကျွန်​တော်ကပဲဖြုတ်ချရန် လက်ကိုရုန်း​လေ ကိုကိုရဲ့ လက်ဖဝါးကြီးကြီး​တွေက ကျွန်​တော်၏လက်ဖမိုးအားဖြစ်ညှစ်၍ ဆုပ်ကိုင်လာ​လေဖြစ်​နေသည်
​တီတီ​လေးက ကိုကိုနှင့်ကျွန်​တော် လက်တွဲထားတာကို မျက်စိအ​ရောက် ကျွန်​တော် မျက်နှာရုတ်ချည်း ပူထူသွားမိတာကိုခံစားလိုက်ရသည်

အဲ့အချိန်မှကိုကိုက လက်ဖြုတ်​ပေးပြီး ကျွန်​တော်တို့၂​ယောက်လုံး​တီတီ​လေး​ရှေ့ခုံ၌​နေရာဝင်ယူလိုက်ကြသည်

ကိုကိုက ​နေရာမှာထိုင်ပြီးသည်နှင့် ကျွန်​တော့်အားမျက်လုံးချင်းဆုံပြီးသည်နှင့် ဟင်းခွက်​တွေကို ကြည့်လိုက် သူ့ထမင်းပန်းကန်ကို ကြည့်လိုက်နှင့် ကျွန်​တော့်အား တစ်ဖန်ပြန်ကြည့်ရင်းအချက်​ပေး​နေသည် ထိုမှပဲ*​ဒေါ်​ဒေါ်​ရှေ့မရိပ်မိ​စေနဲ့*ဟူ​သော စကားအား သတိပြန်ရ၍ ကျွန်​တော်လဲ​မျက်စိ​ရှေ့​တွေ့သည့်ဟင်းအားအလျင်အမြန်​ခပ်၍ ကိုကို့ထမင်းပန်းကန်ထဲထည့်​ပေးလိုက်သည်

"သားသား​လေး သားလွှား က ငါးမစားဘူးကွဲ့  စားရင်ထဲ နွှင်​ပေးမှစားတာ ငယ်ငယ်က အရိုးစူးပြီးကတည်းက။သားသားက သားလွှား မကြိုက်တာ​တွေမှတ်ထား​နော်"

"ဟုတ်တီတီ​လေး"

ကိုကို့ကို ကြည့်မိ​တော့ ကျွန်​တော့်အား မျက်​ထောင့်နီကြီးနှင့်ကြည့်​နေသည် *လွဲရမလား*ဆိုပြီး​​​တော့​ပေါ့*သိမှမသိတာကို အဲ့လူက သူ့စိတ်ကြီးပဲ*

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now