Ep 24 Uni

13.3K 590 36
                                    

အနားနားကပ်၍ ကိုကိုက ခပ်​မော​မောအသံဖြင့် ​ပြော​လေ၏

"ငယ်​လေး သိပ်မကဲနဲ့ ဒီလို ငယ်​လေး အကြိမ်ကြိမ်​တောင်း​ဆိုပုံနဲ့​ဆို ကိုယ်ဝန်​တောင်ရနိုင်တယ်"

ထိုအခါမှ ပါး​ဖောင်း​​ဖောင်း​လေးနှင့် နားရွက်ဖျား​လေးက ချင်းကလဲပန်းနု​ရောင်သန်း​တော့ ပါး​လေးဆီသို့နှုတ်ခမ်း​တွေနစ်မြှုပ်မတက် နမ်းမိ​တော့သည်

"မွ"
×××× ×××××× ×××××××× ×××××××
အညို​ရောင်ကုတင်ထက် အဖြူ​​ကောင်​လေးကို ထားခဲ့၍ သူဆန်ပြုတ်ဆင်းပြုတ်ရသည် က​လေးငယ်က ဖျား​နေ​လေပြီ သူဂရုစိုက်ချင်သည် ချစ်လို့ရတဲ့ခဏ မြတ်နိုး​ကြောင်း ပြသချင်မိသည်

ငါးဆန်ပြုတ်​လေးပြုတ်​ပေးဖို့​တွေးမိသည် ငါး​​လေး​တွေကိုပြုတ်ပြီး အရိုး​သေချာနွှင်ရုံမက ခပ်ဖွဖွ​လေး ​ချေရင်း ကြက်သွန်ဖြူ​လေးနဲ့ဆီသပ် ငါး​လေး​တွေကို ထပ်​လှော် ပြီး​နောက် ​ဆန်နဲ့​ရေ​လေးထည့် အရသာမှုန့်​လေး​တွေထည့်ရင်း က​လေး စားဝင်​အောင် ​သေချာ ပြုတ်ရသည်

ငယ်နေ​မ​ကောင်းဖြစ်ချိန်ဆို အီတာလား ကပ်ချွဲသလား ညည်းသလား ငြိမ်​နေတတ်သလား​တောင် အိမ်​ထောင်သက် ၁နှစ်​​ကျော်လောက်​နေခဲ့တာ​တောင် သူ​သေချာမသိခဲ့သည့် အဖြစ် နှ​မြော​နေလို့လဲမပြီးတာမို့ ရတဲ့အချိန် ရသ​လောက် ဂရုစိုက်ချင်မိပါရဲ့

အခန်းထဲ​ရောက်​တော့ နဖူး​လေးစမ်းမိ​တော့ ကိုယ်​လေးရှိန်​နေ​လေပြီ ဆရာဝန်​ခေါ်​ပေးမယ်ဆို​တော့လဲ ရှက်လို့မ​ခေါ်ပါနဲ့တဲ့​လေ အကဲ​လေးက သူရှက်ချင်လဲရှက်သွား​တော့တာ တကယ့်က​လေးဆိုး​လေး

"ငယ် ထ ကိုယ် ဆန်ပြုတ်ပြုတ်လာတယ်"

"ထိုင်လို့အဆင်မ​ပြေဘူး ကိုကို"

"ဒီမှာကိုကို ​ခေါင်းအုံး​လေး ယူလာတယ် အဲ့​ပေါ် ​လျှောထိုင်လိုက်​နော် အစာစားပြီး​ဆေး​သောက်ရမှာမို့ ထ ထ"

က​လေးက ဆန်ပြုတ်ပန်းကန်​လေးမြင်​တော့ နှာ​​ခေါင်းရှုံ့သည်

"ဆန်ပြုတ် မကြိုက်ဘူး"

"ကိုယ် ​ဖုန်းဆက်ပြီး ကြက်သားလှမ်းမှာထားတယ် ​နေ့လည်​တော့ ကြက်​ပေါင်းစွပ်ပြုတ်လုပ်​ပေးမယ် ခု​တော့ ဆန်ပြုတ်​လေး နည်းနည်းဝင်​အောင်​​သောက်လိုက်​နော်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now