ကိုကို့ကို ဗိုက်ဆာဆာနဲ့စောင့်ရင်း အဆာပြေအောင် ကြိုးစားအိပ်မိသည်
ကျွီ!!!
အလုပ်တွေနဲ့မအားဘဲ တကယ်မေ့နေမိသည် အိမ်ကတစ်ယောက်ကို သတိရမိတဲ့အချိန်က ၅ခွဲနေပြီ မထူးတော့ အလုပ်ကပြန်မှဆေးရယ် ဆန်ပြုတ်ရယ် တစ်ပါတည်းဝယ်ပြီး ပြန်လာမိသည်
အခန်းထဲဝင်တော့ မီးတောင်မထွန်းထားရသေးသည့် အခန်းငယ်လေးထဲ ထိုကလေး ဘယ်လိုနေနေပါလိမ့် သက်ပြင်းမောပါ ကပ်ပါရင်း မီးလေးဖွင့်လိုက်သည်
ချောက်!!
မီးဖွင့်သံကြောင့်ထက် အလင်းစူးစူးကြောင့်ထင်ရဲ့ ရုတ်ချည်း ပိတ်ထားတဲ့မျက်လုံးလေးကို ပွတ်လို့ မော့ကြည့်လာရင်း အိပ်ချင်မူးထူးအသံလေးဖြင့်
"အင်းးး ကိုကို"
"အလုပ်တွေများသွားလို့ နောက်ကျသွားတယ် ဗိုက်ဆာနေရောပေါ့ သက်သာလား"
လှုပ်မရဘူး ထင်ပါရဲ့ မနက်က ပုံစံလေးအတိုင်း အိပ်ရာလေးထဲမှာ ဘယ်လောက်များအနေခက်နေလိုက်မလဲ
"အင်း နည်းနည်း"
"ခဏလေး ဆန်ပြုတ်သွားထည့်ပေးမယ်နော်"
လှည့်ထွက်သွားသူအား အကျီအစလေးဆွဲလို့ တိုးလျလျခေါ်မိသည်
"ကိုကို"
"အင်း ပြော"
ချက်ချင်းလှည့်လာပြီး ပြန်ဖြေသူကြောင့် ကွက်နေသည့်စိတ်လေးက ကြည်နူးမှုလေး ဝင်ဖြည့်လို့ ပြည့်တင်းသွားရသည်
"ကျွန်တော် မျက်နှာသစ်ချင်တယ်"
"အင်း ဟုတ်သားပဲ လာ"
စွေ့ခနဲ ပေါင်နှင့်ကျောလေးက မလို့ ချီပြီး ရေချိုးခန်းထဲ လှမ်းလာသည့်ကိုကိုကြောင့် မကျအောင် အမြန်လည်ပင်းလေးကို လက်ဖြင့်သိုင်းလိုက်ရသည်
ပြီးနောက် ဘေစင် ခုံပေါ်ဖြေးညှင်းစွာချလို့ သွားတိုက်ဆေးထည့်ပေးရင်း
"ထိုင်လို့ရရဲ့လား ပြီးရင် ဆေးဝယ်လာတယ် လိမ်းတဲ့ဆေးရော အဲ့နေရာပါ လိမ်းရမယ်နော်"
ВЫ ЧИТАЕТЕ
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Короткий рассказမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...