Ep 35 Uni

12.1K 523 11
                                    

"အခုရ​တော့ မ​ပျော်ရဘူး တီတီ​လေး"

သူမရင်ခွင်တွင်းဝယ်တိုးဝင်လို့ က​လေးငယ်​လေးက တသိမ့်သိမ့်ငို​ကြွေး​နေ​လေပြီ တစ်ဖက်ကလဲ ကိုယ့်​သွေးသား တစ်ဖက်ကလဲ ကိုယ်ချစ်ရသူရဲ့ က​လေး သူမကိုယ်တိုင်လဲ စိတ်မ​ကောင်းဖြစ်ရသည် ရင်ခွင်ထဲငို​နေ​သောက​လေး​လေးကို လက်တစ်ဖက်က ​ကျော​လေးကိုပွတ်ရင်း တစ်ဖက်ကလဲ​ဆံသား​လေး​တွေသပ်​ပေးရင်း နှစ်သိမ့်​နေရသည်

*ဟန်​ရေ တို့ဘာလုပ်သင့်သလဲ တို့မ​တွေးတတ်​တော့ဘူးကွယ်*သူမလူတစ်​ယောက်အားတသသ ​ရေရွတ်ကာ တမ်းတ​မိ​နေသည်

Flah back

"ငါတို့က​လေး​မွေးရင် ​​ပေးစားကြမယ်​နော်"

"ဒါ​ပေါ့ ​ဆွေရဲ့ သား​လေး​တွေပဲ​မွေးရင်​ရော"

"​ပေးစားမှာပဲ အဓိကက အမျိုး​တော်ဖို့ပဲ"

"​တော်​တော်အမျိုး​တော်ချင်ရင် နင်ငါ့အစ်ကို ယူလိုက်​လေ"

"​တော်ပါ နင့်အစ်ကို ယူမယ့်အစား ငါနင့်ပဲယူလိုက်မယ်"

"ဟီး ဟီး နင်ငါ့ကြိတ်ကြိုက်​နေတာလား"

"​အေး ဖြစ်​လောက်မလား​နော်"

ဒီစ​နောက်မှုဟာ ​​ဆွေဆွေလွင်ရင်ထဲက တကယ့်ခံစားချက်မှန်း ဟန်​​​​သော်တာက တစိုးတစိ​တောင် မရိပ်မိခဲ့ပါ ရိပ်မိခဲ့ရင်​ရော သူတို့ဘာ​တွေဖြစ်လာနိုင်မလဲ

"ငါ နင့်ရင်ဖွင့်စရာရှိ​တယ်"

"​ပြော​လေ ဟန်​လေး"

"ငါ​လေ ငါတို့​ရှေ့အိမ်က Doctorကြီးကို crush​နေတာ"

"ဟုတ်လား ​ချောလား"

"​ချောပ အရပ်က အရှည်ကြီးပဲ ကိုယ်လုံးက ​တောင့်​တောင့်နဲ့ သူက ဟို​နေ့ကမှ​ပြောင်းလာတာ"

ဒါဟာ အ​ပျော်သ​ဘော ကြိုက်နှစ်သက်သည်ဟုလို့ပင် ​ဆွေ​ဆွေလွင်က ခပ်​ပေါ့​ပေါ့​တွေးခဲ့မိသည်

"ဟိုးတစ်​​နေ့ကနင်တို့အိမ်​ရှေ့ ​ပြောင်းလာတယ်လို့​ပြောတဲ့ တစ်​ယောက်လား"

"​အေး အစက ငါမသိဘူး ငါ့အ​ဖေက မနက်လမ်းထ​လျှောက်ရင်းသိလာတာ အိမ်မှာ​ပြောပြလို့ငါသိတာ"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now